Highlights

Highlight 1
Highlight 2
Highlight 3

Lastest Articles

Tuesday, August 4, 2020

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

0 comments
Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ: ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်များကိုစွန့်ခွာပြီး အောင်သုခ ဘုန်းကြီ... more.

Monday, September 3, 2018

``တိုင်းရင်းသားမျိုးနွယ်စုအရေး အမှန်တကယ်ဆောင်ရွက်ပေးဖို့ ဦးရိုထန်းပွီးယာကို မဲပေးစို့´´

0 comments




       ၂၀၁၈ ခုနှစ်| နိုဝင်ဘာလ(၃)ရက်နေ့တွင်ကျင်းပမည့်
ကြားဖြတ်ရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး | တမူး
ခရိုင်| တမူးမြို့နယ်| တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စား
လှယ်လစ်လပ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုး
ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ချင်းတိုင်းရင်းသား
ဦးရိုထန်းပွီးယာ၏ကိုယ်ရေးအကျဉ်းကို မိတ်ဆက်ပေးပါရစေ
ရှင်……

အမည်                  - ဦးရိုထန်းပွီးယာ(ခ)ဦးမားပွီးယာ
မွေးသက္ကရာဇ်         - ၁၂- ၂- ၁၉၇၀ (၄၈)နှစ်
လူမျိုး/ဘာသာ        - လူရှိုင်း / ခရစ်ယာန်
မိဘအမည်            - (အဘ)ဦးဟန်းလွယ်ယာ
                           (အမိ )ေဒၚရိန္ပြီးအီး
မွေးဖွားရာဇာတိ      - ကနန်ကျေးရွာ
ပညာအရည်အချင်း  - B-Sc (Zoo)
အလုပ်အကိုင်         - တောင်သူ
                           `တော်ဝင်´ ကုန်စုံဆိုင်
ဇနီးအမည်             - ဒေါ်လားရင့်အောမီး
နေရပ်                   - ကနန်အမှတ်(၃)ရပ်ကွက်
                             ခမ်းပါတ်မြို့။

ထမ်းဆောင်ခဲ့သောတာဝန်များ_ _ _

  ကနန်ကျေးရွာ ရ-ယ-က ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်
ခဲ့ပြီး ကနန်စံပြကျေးရွာပြုပြင်တည်ဆောက်ရေးတွင် ပါဝင်
ဆောင်ရွက်ခဲ့သည်။ ပြည်ခိုင်ဖြိုးအသင်းတာဝန်| ပါတီတာဝန်
များဖြင့် ခရိုင်/မြို့နယ်ဌာနအသီးသီးနှင့်ပူးပေါင်း၍ ဒေသဖွံ့ဖြိုး
ရေးလုပ်ငန်းများကို တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ခဲ့သည်။
  ကနန်လူငယ်အဖွဲ့အစည်းများ၌ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့
ပြီး ကျေးရွာ၏ သာရေး| နာရေး| လူမှုရေးလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ခိုင်ဖြိုးအသင်းတွင် မြို့နယ်ခွဲ
အတွင်းရေးမှူး| ပါတီတွင်မြို့နယ်ပါတီကော်မတီဝင် |ခရိုင်ကော်
မတီဝင်| တိုင်းဒေသကြီး အရန်ကော်မတီဝင်အဖြစ် တာဝန်
ထမ်းဆောင်ပြီး ယခုအခါတွင် ခရိုင်ပါတီကော်မတီဝင်အဖြစ်
တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။
more.

Sunday, September 2, 2018

အချုပ်အခြာအာဏာပိုင်နက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့ မဖြစ်နိုင်ဟု ကာချုပ်ပြော

0 comments
၁-၉-၂၀၁၇ ရက်​​နေ့က ဗိုလ်​ချုပ်​မှူးကြီး ​ပြောခဲ့တာ
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩


မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေတခုအတွက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့ မဖြစ်နိုင်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ပြုလုပ် တဲ့ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံတိုင်းရင်းသားတွေ အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားမှာ ပြောသွားတာပါ။

ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်ဖြစ်စဉ်တွေကို မထိန်းသိမ်းနိုင်ခဲ့ဘူးဆိုရင် အခြေအနေ ဒီထက်ပိုဆိုးရွားတဲ့ ဖြစ်စဉ်တွေဖြစ်လာနိုင်လို့ တပ်တွေလွှတ်ဖို့ အစိုးရကို
တင်ပြပြီး အစိုးရကလည်း ခွင့်ပြုသလို သမ္မတရုံးကလည်း တရားဝင်ခွင့်ပြုလို့ စစ်ဆင်ရေး ဆောင်ရွက်နေတာတွေရှိတယ်လို့ ဆိုပါတယ်။

“ဒါကြောင့် ကျနော်တို့အနေနဲ့ ၁၉၄၂ ခုနှစ် ဖြစ်ခဲ့တဲ့ အခြေနေမျိုး ထပ်မံဖြစ်ပွားဖို့အတွက် ဘယ်လိုနည်းနဲ့မှ လက်ခံမှာ မဟုတ်ပါဘူး။ လက်ခံမှာလည်း မဟုတ်၊ နယ်မြေဆုံးရှုံးမှုလည်း ဘယ်လိုမှ အဖြစ်ခံမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ကတော့ ဒီနယ်မြေကို သူတို့ရပြီးလို့ရှိရင် သူတို့ရဲ့ သတ်မှတ်ထားတဲ့ နယ်မြေတခုကို ကြေညာပြီးတော့မှ နောင်တဖြည်းဖြည်းနဲ့တော့ သူတို့ မျိုးတူတွေနဲ့ ပေါင်းစပ်ဖို့ နေထိုင်ဖို့ ကြိုးစားတာဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အတိအကျမသိပါဘူး။ ဒီလိုပဲ မှန်းဆရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေတခုအတွက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာပြောလိုပါတယ်” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောပါတယ်။

ဒါ့အပြင် ဒီပြဿနာတွေဟာ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့အတွက် အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ဖြေရှင်းခဲ့ပေမယ့်လည်း မပြီးပြတ်ခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိအစိုးရ အနေနဲ့လည်း တော်တော်ကို သတိထား ဖြေရှင်းနေတာတွေ့ရပြီး မဖြေရှင်းတာမဟုတ်ဘဲ အမျိုးမျိုးချိန်ဆပြီး လုပ်နေတဲ့ သဘောတွေ့တယ်လို့ ဆိုပါတယ်။

နေဖြိုးဝင်း

DVB TV News

http://burmese.dvb.no/archives/
#credit to original post owener
photo crd
more.

Sunday, August 26, 2018

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအလုပ်အမှုဆောင်

0 comments




တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးတက်​​ရောက်​အား​ပေး
====================================
=========

အင်းတော်၊ သြဂုတ်​၊ ၂၆

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယ​နေ့
နံနက် ၁၀း၀၀ နာရီအချိန်​တွင်​ စစ်ကိုင်းတိုင်း​ဒေသကြီး|ကသာ
ခရိုင်​၊ ​အင်းတော်မြို့နယ်​၊ ရွာသာယာကျေးရွာ၊ ဘောလုံးကွင်း၌
ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ခိုင်ဖြိုးပါတီဗဟိုအလုပ်
အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ
ဦးမြင့်စိုး၊ ဗဟိုအလုပ်​အမှု​ဆောင်​တိုင်း​ဒေသကြီးပါတီဥက္ကဌ
ဒေါက်​တာ​မြင့်သိန်း၊ တိုင်းပါတီကော်မတီဝင်များ၊ ကသာခရိုင်
ပါတီဥက္ကဌ ဦးထွန်းအောင်ဝင်းနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊
မြို့နယ်​ပါတီဥက္ကဌဒေါ်သူသူဇင်နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊
ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​များ၊ ပါတီဝင်အသစ်များ၊ ရပ်မိ
ရပ်ဖများ စုစု​ပေါင်းအင်​အား ၇၀၀ ဦးတက်​​ရောက်​ခဲ့ကြပါသည်​။

အခမ်းအနားကို နိုင်​ငံ​တော်​သီချင်းသီဆိုကာ နိုင်ငံတော်အလံ
အ​လေးပြု၍ဖွင့်​လှစ်​ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်း
ဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ကအဖွင့်အမှာစကားပြောကြားခဲ့
သည်။ ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာမြင့်သိန်း
က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပါတီဝင်​များကိုယ်
စားမှ ပါတီဝင်​အဆိုပြုလွှာများ ပေးအပ်​ရာ မော်တိတ်ကျေးရွာ
အုပ်စုပါတီဥက္ကဌ ဦးစိန်ကြည်မှပေးအပ်ခဲ့ပြီး တိုင်းပါတီဥက္ကဌမှ လက်​ခံရယူခဲ့ကာ| ပါတီဝင်​​ကြေးများအား မြို့နယ်​ပါတီအတွင်း
ရေးမှူး ဦးကျော်လွင်ဦးမှပေးအပ်​ခဲ့သည်။  ​ထို့နောက် မြို့နယ်ပါတီ
ဥက္ကဌဒေါ်သူသူဇင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဇာတိ
မာန်သီချင်းသံပြိုင်သီဆို၍ အခမ်းနားကိုရုပ်သိမ်းခဲ့ပါသည် ။
ထို့နောက်တွင် ဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးသည် ရွာသာယာ
ကျေးရွာဆရာတော်ဦးဓမ္မိကအား သွားရောက်းဖူးမြှော်ကန်တော့
၍ ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
more.

Thursday, August 23, 2018

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ​ဘားအံမြို့နယ်ရှိ ​ရေလွှမ်းမိုးခြင်းခံရသည့် ကျုံဖဲကျေးရွာသို့ သွားရောက်၍ ​ထောက်​ပံ့​ရေးပစ္စည်းများ လှူဒါန်းပေးအပ်

0 comments







ုသြဂုတ်​ ၂၃
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်​အဖွဲ့သည်​ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည် ၁၂နာရီတွင် ဘားအံမြို့နယ်ရှိ ရေလွှမ်းမိုးခြင်းခံရသည့် ကျုံဖဲကျေးရွာသို့သွားရောက်ကြပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ကူညီပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။
ပထမဦးစွာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ကျုံဖဲကျေးရွာ ရွှေကျင်သရက်တောကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဖောတိကဓဇ ဘဒ္ဒန္တယသ ဆရာ​တော်​ဘုရားအားဖူး​မျှော်​ကြည်​ညိုကာ လှူဖွယ်​ဝတ္တုများ ဆက်​ကပ်​လှူဒါန်းခဲ့သည်​။
၎င်းနောက် ကျောင်းတိုက်ဓမ္မာရုံတွင်ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ လှူဒါန်းပစ္စည်းများပေးအပ်ခဲ့ပြီး ကျုံဖဲကျေးရွာ ရေဘေးသင့်ပြည်သူများကိုယ်စား ရပ်မိရပ်ဖနှစ်ဦးမှ ရေဘေးခံစားရသည့်အခြေအနေများအား ဆွေးနွေးတင်ပြခဲ့သည်။
ယင်းနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ယခုကဲ့သို့ရေဘေးသင့်နေသည့် ပြည်သူများအား မိမိတို့ပါတီဘက်မှ လာရောက်ပြီး ကူညီပံ့ပိုးရသည့်အခြေအနေများအာ ဆွေးနွေးပြောကြားရာတွင် "မိမိအနေဖြင့် မိမိတို့ပါတီဝင်များအား သဘာဝဘေးနှင့်ကြုံတွေ့လာခဲ့ပါက ပါတီအဆင့်ဆင့်၏ညွှန်ကြားချက်များအား စောင့်ဆိုင်းရန်မလိုဘဲ အချိန်နှင့်တပြေးညီ တက်နိုင်သည့်ဘက်မှ သွားရောက်ကူညီပေးရန် "မှာကြားထားပြီးဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါလှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ကရင်ပြည်နယ်တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်၊ ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြဦး၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကိုနှင့် ပြည်နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။

more.

Wednesday, August 22, 2018

ပြည်ခိုင်ဖြိုးရဲ့ ကမ်းလက်

0 comments
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ဥက္ကဌ
ဦးသန်းဌေး

ပြည်ခိုင်ဖြိုးပါတီဗဟို
အထွေထွေအတွင်းရေးမှူး
ဦးသက်နိုင်ဝင်း

ဒေါက်တာနန္ဒာလှမြင့်
ပါတီဗဟိုကော်မတီဝင်
များ
ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များနှင့်
ဒေသပါတီ မှ ခေါင်းဆောင်များ
ပါတီဝင်များတို့သည်
ယနေ့
၂၂ ၈ ၂၀၁၈ ရက်နေ့တွင်

ရွှေကျင်မြို့နယ်ညောင်အိုင် ၊စံဖဲ၊ကျွန်းတဲစု ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း နေခြင်းဖြစ်ပါသည်

လေးစားပါသည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

နန်းမြမြ မီမီဇော်
၂၂ ၈ ၂၀၁၈


more.

Tuesday, August 14, 2018

ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

0 comments






ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင်
ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်များကိုစွန့်ခွာပြီး
အောင်သုခ ဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေကြရသည့်
ဒုက္ခသည်အပေါင်းတို့အား ချက်ပြုတ်ကျွေးမွေးနိုင်ရန်အတွက်
.
.

ဆန်                     ၇အိပ်
ခေါက်ဆွဲခြောက်ထုပ် ၂၀၀
ရေသန့်ဗူး               ၂၀၀
ကြက်ဥ.                 ၃၀၀လုံး
မုန့်.                       ၄၀၀ခု တို့နှင့်
ဝါဆိုသင်္ကန်း ၃စုံ အား ဆရာတော်ထံလှူဒါန်းခဲ့ပြီး

ရေဘေးဒုက္ခသည်အပေါင်းတို့အား မုန့်များ ပေးဝေပြီး
အားပေးစကားများ ပြောကြားခဲ့ပါတယ်ခင်ဗျာ..

လတ်တလော လိုအပ်လျှက်ရှိနေတဲ့နေရာအတွက်
ချက်ချင်းဆိုသလို လှူဒါန်းပေးကြသော အလှူရှင်အပေါင်းတို့ကိုလဲ
ရွှေပြည်တော်သို့ဆုံမှတ်များ မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ.
.
.
လှူဒါန်းမှုအစုစုတို့အတွက် သာဓု သာဓု သာဓုပါခင်ဗျာ
.
.
.
.
.

ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းကြီး
more.

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...

Credits