Friday, August 3, 2018

ဒီ​နေ့က​လေးဝမြို့နယ်​မှာ​ဟော့ဖြစ်​သွားတဲ့သတင်း



ကလေးဝမြို့နယ်တွင် ကျောက်မီးသွေးတွင်း ပြိုကျမှု ​ဖြစ်ပွားရာ(၅)ဦး​သေဆုံး
ကလေးဝ သြဂုတ် ၃
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် သြဂုတ်လ(၂)ရက်နေ့ ည(၂၃း၁၅)နာရီအချိန်ခန့်က သစ်ချောက်ဒေသရှိ ထွန်းသွင်ကျောက်မီးသွေးတူးဖော်ရေးကုမ္မဏီ၊ ရွှေပေါက်ပေါက်မြေအောက်တူးဖော်ရေး လုပ်ကွက်တွင် အဝမှ အတွင်းသို့ ပေ(၇၀၀)၊ အနက်ပေ (၆၃၀)တွင် ကျောက်မီးသွေးကြောအတွင်းမှ ဂက်(စ်)ဓါတ်ငွေ့(မီသိန်းဓါတ်ငွေ့)ပွင့်ထွက်ပြီး ကျောက်မီးသွေးတွင်းပြိုကျမှု ဖြစ်ပွားခဲ့သည်။
 တွင်းပြိုကျမှုဖြစ်ပွားရာတွင် မြန်မာနိုင်ငံသား(၄)ဦး မျိုးဝင်းလှိုင်(၂၀)နှစ်(ဘ)ဦးသိန်းအောင်၊ဥာဏ်ဖြိုးဦး (၁၉)နှစ်(ဘ)ဦးထွန်း၊ ဇင်ကိုဦး(၂၃)နှစ်(ဘ)ဦးသိန်းဝင်း၊ ဆန်းလင်း(၃၁)နှစ်(ဘ)ဦးညွန့်တင်တို့နှင့်  တရုတ်နိုင်ငံ သား(၁)ဦး Mr.Kang Guang Qiang. PP.No.E.68523930 မွေးသက္ကရာဇ်(၆.၈.၁၉၆၄) Visa N0.Sep/292/2018 (တိုင်းဒေသကြီးမှထုတ်ပေးထား)ပိတ်မိနေကြောင်းနှင့် အောက်စီဂျင်ပြတ်လပ်လူနာ  ကျော်ရဲအောင်(၂၇)နှစ်၊ ဟန်စိုးထက်(၂၀)နှစ်၊ကျော်ဇင်လတ်(၂၇)နှစ်၊ပြည့်ဖြိုးအောင် (၂၆)နှစ်တို့မှာ ကလေးဝမြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီးဆေးကုသမှုခံယူကာ ပြန်လည်ကျန်းမာကောင်းမွန်ပြီဖြစ်ပါကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
 ဖြစ်စဉ်နှင့်ပတ်သက်၍ မြေအောက်၌ ပိတ်မိနေသူများအား  ကုမ္မဏီမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့နယ်လဝက နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့ကသွာ​ရောက်​ကယ်​ဆယ်​​ဆောင်​ရွက်​ကြရာ ဩဂုတ်​လ ၃ ရက်​​နေ့ ၁၃း၅၅ နာရီအချိန်​တွင်​ ပိတ်​မိ​နေ​သော၎င်းတရုတ်​လူမျိုး ၁ဦးနှင့်​ ဗမာလူမျိုး ၄ ဦးတို့အားမီး​လောင်​ကျွမ်းရာဒဏ်​ရာများဖြင့်​ ​သေဆုံး​နေ​သောအ​လောင်းများအား လှိုင်​​ခေါင်းအပြင်​သို့ထုတ်​၍ က​လေးဝမြို့ပြည်​သူ့​ဆေးရုံသို့ပို့​ဆောင်​ကာအဆိုပါ ၅ ဦး​သေဆုံးမှုနှင့်​ပတ်​သတ်​ပြီး ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်​မဟုတ်က​လေးဝမြို့မ ရဲစခန်းမှရဲအုပ်​ ​ဌေးဝင်း ရဲ၅၀၅၃မှ စုံစမ်းစစ်​​ဆေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်းသိရှိရသည်​။

Post a Comment

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...

Credits