Wednesday, August 8, 2018

ဦးသန့် မရခဲ့တဲ့ နိုဗယ်ဆု ရဲ့နောက်ကွယ်မှာဘာတွေရှိလဲ _ _______


1960နှစ် အတွင်း အမေရိကန်နဲ့ ကပ်လျက် ကျူးဘားကျွန်းမှာ ရုရှားက နျူထိပ်ဖူးတပ် ဒုံးပျံတွေ  အမေရိကန်ဘက် လှည့်ထားပြီး လာတပ်ဆင်သွားတယ်
     သုံးရက်အတွင်း မဖယ်ရင် ဗုံးမိုးရွာချမယ်လို့ အမေရိကန်က ရာဇသံပေးပြီး စစ်သင်္ဘောတွေ ကို ကျူးဘားကျွန်းပတ်လည်မှာချထားလိုက်တယ် ။
        ရုရှားကလည်း စစ်သင်္ဘောတွေ ထပ်ပြီးချထားလိုက်တဲ့အခါ ကမ္ဘာ့အင်အားအကြီးဆုံး ၂ နိုင်ငံ ပဋိပက္ခကြီးက တတိယကမ္ဘာစစ်ကိုဦးတည်ဘို့ အဆင်သင့် ဖြစ်နေလုဆဲဆဲဖြစ်သွားတော့တယ်
      တစ်ကမ္ဘာလုံး စိုးရိမ်ကြောင့်ကြမှု့တွေနဲ့ စစ်မဖြစ်ပွားရေးအတွက် တကယ့်အလေးထားပြီး ဖြောင့်ဖြကြပေမယ့် ပြသနာက ပြေလည်မှု့မရရှိခဲ့ဘူး ထိပ်တိုက်
ရင်ဆိုင်မှု့ကပိုပြင်းထန်လာပြီးတတိယ ကမ္ဘာစစ်ကို
ဦးတည်နေတယ်

     ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရာထူး ရကာစ ဦးသန့်ဟာ အမေရိကန်နဲ့ ရုရှားက သမ္မတနှစ်ယောက်ကို သုံးရက်အတွင်းလေလယာဉ်နဲ့ ခေါက်တုန့်ခေါက်ပြန်ပြောဆို ပြီး အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ခဲ့ရာမှာညှိနှိုင်းမှု အဆင်ပြေပြီး သတ်မှတ်ရက်ပြည့်ဘို့နာရီပိုင်းလေးအလိုမှာ ရုရှားက ဒုံးတွေ ပြန်သိမ်းသွားတာကြောင့် တတိယကမ္ဘာစစ်ဘေးကကင်းဝေးခဲ့ရပါတယ်
     အဲ့ဒီဖြစ်စဉ်အတွက် "ဦးသန့်"ကိုတစ်ကမ္ဘာလုံး တစ်ခဲနက် ချီးကျူးကြရင်း နိုဗယ်ဆုပေးဖို့ ဝိုင်းဝန်းအဆိုတင်သွင်း ထောက်ခံတိုက်တွန်းကြပေမယ့် ဆုရွေးချယ်ချီးမြှင့်ရေးဥက္ကဌ က အကြောင်းပြချက်မရှိဘဲ ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်

 အိန္ဒိယခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဟတ္တမ ဂန္ဓီဟာအကြမ်းမဖက်နည်းနဲ့ပဲ ဗြိတိသျှကိုတော်လှန်ခဲ့တဲ့သူတစ်ဦးဖြစ်တဲ့အတွက် သူ့ကို နိုဗယ်ဆုပေးဖို့ ကမ္ဘာက နှစ်စဉ်နှစ်တိုင်း အကြိမ်ကြိမ် တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် သူ ဆန့်ကျင်ခဲ့တာက ဗြိတိန်လို အနောက်နိုင်ငံ ဖြစ်နေလေတော့ဆိုတဲ့  ကွယ်လွန်သာသွားတယ်  နိုဗယ်ဆုလုံးဝ ရမသွားခဲ့ပါဘူး
     ဒါပေမယ့် အိုဘားမား ဂေါ်ဗာချောဗ့် ဒလိုင်းလာ
မား နဲ့  ကျန်သူပေါ့ဗျာ  ဘာတွေငြိမ်းချမ်းစေခဲ့လို့
နိုဗယ်ဆု တွေ ဗုံးဘောလအောပေးလဲဆိုတာရယ်
ဘယ်အရည်အချင်းကြောင့် ပေးတယ်ဆိုတာရယ်
ဇွတ်အတင်းထိုးသိပ်ပေးပစ်တဲ့ရည်ရွယ်ချက်ကဘာပါ
လိမ့်ဆိုတာတွေးကြည့်ရင်အများကြီးပါ

    ထူးခြားမှု့အနေနဲ့ နိုဗယ်ဆုကို ယူဖို့ ငြင်းဆန်ခဲ့ကြတဲ့ ဗီယက်နမ်ခေါင်းဆောင် လီဒပ်သို နဲ့ ပြင်သစ်က ယန်းပေါဆတ်တို့လို ပုဂ္ဂိုလ်တွေလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်

     ဒါကြောင့်နိုဗယ်လ် ဆုရဲ့နောက်ကွယ်မှာ မမြင်ရတဲ့ လျို့ဝှက်ချက်တွေ ရှိနေသလို
     နိုဗယ်ဆုရတိုင်းလည်း အထင်ကြီးစရာ ရှိသလား
ဆိုတဲ့ မေးခွန်းတစ်ပုဒ်က  အဖြေထုပ်စရာ အများအပြားရှိနေတယ်ဆိုတာကို........  🙂 ။

#မူရင်းpostပိုင်ရှင်အား #creditပေးပါသည်

Post a Comment

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...

Credits