Monday, September 3, 2018
``တိုင်းရင်းသားမျိုးနွယ်စုအရေး အမှန်တကယ်ဆောင်ရွက်ပေးဖို့ ဦးရိုထန်းပွီးယာကို မဲပေးစို့´´
၂၀၁၈ ခုနှစ်| နိုဝင်ဘာလ(၃)ရက်နေ့တွင်ကျင်းပမည့်
ကြားဖြတ်ရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး | တမူး
ခရိုင်| တမူးမြို့နယ်| တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စား
လှယ်လစ်လပ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုး
ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ချင်းတိုင်းရင်းသား
ဦးရိုထန်းပွီးယာ၏ကိုယ်ရေးအကျဉ်းကို မိတ်ဆက်ပေးပါရစေ
ရှင်……
အမည် - ဦးရိုထန်းပွီးယာ(ခ)ဦးမားပွီးယာ
မွေးသက္ကရာဇ် - ၁၂- ၂- ၁၉၇၀ (၄၈)နှစ်
လူမျိုး/ဘာသာ - လူရှိုင်း / ခရစ်ယာန်
မိဘအမည် - (အဘ)ဦးဟန်းလွယ်ယာ
(အမိ )ေဒၚရိန္ပြီးအီး
မွေးဖွားရာဇာတိ - ကနန်ကျေးရွာ
ပညာအရည်အချင်း - B-Sc (Zoo)
အလုပ်အကိုင် - တောင်သူ
`တော်ဝင်´ ကုန်စုံဆိုင်
ဇနီးအမည် - ဒေါ်လားရင့်အောမီး
နေရပ် - ကနန်အမှတ်(၃)ရပ်ကွက်
ခမ်းပါတ်မြို့။
ထမ်းဆောင်ခဲ့သောတာဝန်များ_ _ _
ကနန်ကျေးရွာ ရ-ယ-က ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်
ခဲ့ပြီး ကနန်စံပြကျေးရွာပြုပြင်တည်ဆောက်ရေးတွင် ပါဝင်
ဆောင်ရွက်ခဲ့သည်။ ပြည်ခိုင်ဖြိုးအသင်းတာဝန်| ပါတီတာဝန်
များဖြင့် ခရိုင်/မြို့နယ်ဌာနအသီးသီးနှင့်ပူးပေါင်း၍ ဒေသဖွံ့ဖြိုး
ရေးလုပ်ငန်းများကို တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ခဲ့သည်။
ကနန်လူငယ်အဖွဲ့အစည်းများ၌ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့
ပြီး ကျေးရွာ၏ သာရေး| နာရေး| လူမှုရေးလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ခိုင်ဖြိုးအသင်းတွင် မြို့နယ်ခွဲ
အတွင်းရေးမှူး| ပါတီတွင်မြို့နယ်ပါတီကော်မတီဝင် |ခရိုင်ကော်
မတီဝင်| တိုင်းဒေသကြီး အရန်ကော်မတီဝင်အဖြစ် တာဝန်
ထမ်းဆောင်ပြီး ယခုအခါတွင် ခရိုင်ပါတီကော်မတီဝင်အဖြစ်
တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။
Sunday, September 2, 2018
အချုပ်အခြာအာဏာပိုင်နက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့ မဖြစ်နိုင်ဟု ကာချုပ်ပြော
၁-၉-၂၀၁၇ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး ပြောခဲ့တာ
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေတခုအတွက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့ မဖြစ်နိုင်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ပြုလုပ် တဲ့ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံတိုင်းရင်းသားတွေ အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားမှာ ပြောသွားတာပါ။
ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်ဖြစ်စဉ်တွေကို မထိန်းသိမ်းနိုင်ခဲ့ဘူးဆိုရင် အခြေအနေ ဒီထက်ပိုဆိုးရွားတဲ့ ဖြစ်စဉ်တွေဖြစ်လာနိုင်လို့ တပ်တွေလွှတ်ဖို့ အစိုးရကို
တင်ပြပြီး အစိုးရကလည်း ခွင့်ပြုသလို သမ္မတရုံးကလည်း တရားဝင်ခွင့်ပြုလို့ စစ်ဆင်ရေး ဆောင်ရွက်နေတာတွေရှိတယ်လို့ ဆိုပါတယ်။
“ဒါကြောင့် ကျနော်တို့အနေနဲ့ ၁၉၄၂ ခုနှစ် ဖြစ်ခဲ့တဲ့ အခြေနေမျိုး ထပ်မံဖြစ်ပွားဖို့အတွက် ဘယ်လိုနည်းနဲ့မှ လက်ခံမှာ မဟုတ်ပါဘူး။ လက်ခံမှာလည်း မဟုတ်၊ နယ်မြေဆုံးရှုံးမှုလည်း ဘယ်လိုမှ အဖြစ်ခံမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ကတော့ ဒီနယ်မြေကို သူတို့ရပြီးလို့ရှိရင် သူတို့ရဲ့ သတ်မှတ်ထားတဲ့ နယ်မြေတခုကို ကြေညာပြီးတော့မှ နောင်တဖြည်းဖြည်းနဲ့တော့ သူတို့ မျိုးတူတွေနဲ့ ပေါင်းစပ်ဖို့ နေထိုင်ဖို့ ကြိုးစားတာဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အတိအကျမသိပါဘူး။ ဒီလိုပဲ မှန်းဆရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေတခုအတွက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာပြောလိုပါတယ်” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောပါတယ်။
ဒါ့အပြင် ဒီပြဿနာတွေဟာ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့အတွက် အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ဖြေရှင်းခဲ့ပေမယ့်လည်း မပြီးပြတ်ခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိအစိုးရ အနေနဲ့လည်း တော်တော်ကို သတိထား ဖြေရှင်းနေတာတွေ့ရပြီး မဖြေရှင်းတာမဟုတ်ဘဲ အမျိုးမျိုးချိန်ဆပြီး လုပ်နေတဲ့ သဘောတွေ့တယ်လို့ ဆိုပါတယ်။
နေဖြိုးဝင်း
DVB TV News
http://burmese.dvb.no/archives/
#credit to original post owener
photo crd

Subscribe to:
Posts (Atom)
Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ
Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...