Monday, September 3, 2018
``တိုင်းရင်းသားမျိုးနွယ်စုအရေး အမှန်တကယ်ဆောင်ရွက်ပေးဖို့ ဦးရိုထန်းပွီးယာကို မဲပေးစို့´´
၂၀၁၈ ခုနှစ်| နိုဝင်ဘာလ(၃)ရက်နေ့တွင်ကျင်းပမည့်
ကြားဖြတ်ရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး | တမူး
ခရိုင်| တမူးမြို့နယ်| တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စား
လှယ်လစ်လပ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုး
ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ချင်းတိုင်းရင်းသား
ဦးရိုထန်းပွီးယာ၏ကိုယ်ရေးအကျဉ်းကို မိတ်ဆက်ပေးပါရစေ
ရှင်……
အမည် - ဦးရိုထန်းပွီးယာ(ခ)ဦးမားပွီးယာ
မွေးသက္ကရာဇ် - ၁၂- ၂- ၁၉၇၀ (၄၈)နှစ်
လူမျိုး/ဘာသာ - လူရှိုင်း / ခရစ်ယာန်
မိဘအမည် - (အဘ)ဦးဟန်းလွယ်ယာ
(အမိ )ေဒၚရိန္ပြီးအီး
မွေးဖွားရာဇာတိ - ကနန်ကျေးရွာ
ပညာအရည်အချင်း - B-Sc (Zoo)
အလုပ်အကိုင် - တောင်သူ
`တော်ဝင်´ ကုန်စုံဆိုင်
ဇနီးအမည် - ဒေါ်လားရင့်အောမီး
နေရပ် - ကနန်အမှတ်(၃)ရပ်ကွက်
ခမ်းပါတ်မြို့။
ထမ်းဆောင်ခဲ့သောတာဝန်များ_ _ _
ကနန်ကျေးရွာ ရ-ယ-က ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်
ခဲ့ပြီး ကနန်စံပြကျေးရွာပြုပြင်တည်ဆောက်ရေးတွင် ပါဝင်
ဆောင်ရွက်ခဲ့သည်။ ပြည်ခိုင်ဖြိုးအသင်းတာဝန်| ပါတီတာဝန်
များဖြင့် ခရိုင်/မြို့နယ်ဌာနအသီးသီးနှင့်ပူးပေါင်း၍ ဒေသဖွံ့ဖြိုး
ရေးလုပ်ငန်းများကို တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ခဲ့သည်။
ကနန်လူငယ်အဖွဲ့အစည်းများ၌ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့
ပြီး ကျေးရွာ၏ သာရေး| နာရေး| လူမှုရေးလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ခိုင်ဖြိုးအသင်းတွင် မြို့နယ်ခွဲ
အတွင်းရေးမှူး| ပါတီတွင်မြို့နယ်ပါတီကော်မတီဝင် |ခရိုင်ကော်
မတီဝင်| တိုင်းဒေသကြီး အရန်ကော်မတီဝင်အဖြစ် တာဝန်
ထမ်းဆောင်ပြီး ယခုအခါတွင် ခရိုင်ပါတီကော်မတီဝင်အဖြစ်
တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။
Sunday, September 2, 2018
အချုပ်အခြာအာဏာပိုင်နက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့ မဖြစ်နိုင်ဟု ကာချုပ်ပြော
၁-၉-၂၀၁၇ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး ပြောခဲ့တာ
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေတခုအတွက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့ မဖြစ်နိုင်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ပြုလုပ် တဲ့ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံတိုင်းရင်းသားတွေ အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားမှာ ပြောသွားတာပါ။
ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်ဖြစ်စဉ်တွေကို မထိန်းသိမ်းနိုင်ခဲ့ဘူးဆိုရင် အခြေအနေ ဒီထက်ပိုဆိုးရွားတဲ့ ဖြစ်စဉ်တွေဖြစ်လာနိုင်လို့ တပ်တွေလွှတ်ဖို့ အစိုးရကို
တင်ပြပြီး အစိုးရကလည်း ခွင့်ပြုသလို သမ္မတရုံးကလည်း တရားဝင်ခွင့်ပြုလို့ စစ်ဆင်ရေး ဆောင်ရွက်နေတာတွေရှိတယ်လို့ ဆိုပါတယ်။
“ဒါကြောင့် ကျနော်တို့အနေနဲ့ ၁၉၄၂ ခုနှစ် ဖြစ်ခဲ့တဲ့ အခြေနေမျိုး ထပ်မံဖြစ်ပွားဖို့အတွက် ဘယ်လိုနည်းနဲ့မှ လက်ခံမှာ မဟုတ်ပါဘူး။ လက်ခံမှာလည်း မဟုတ်၊ နယ်မြေဆုံးရှုံးမှုလည်း ဘယ်လိုမှ အဖြစ်ခံမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ကတော့ ဒီနယ်မြေကို သူတို့ရပြီးလို့ရှိရင် သူတို့ရဲ့ သတ်မှတ်ထားတဲ့ နယ်မြေတခုကို ကြေညာပြီးတော့မှ နောင်တဖြည်းဖြည်းနဲ့တော့ သူတို့ မျိုးတူတွေနဲ့ ပေါင်းစပ်ဖို့ နေထိုင်ဖို့ ကြိုးစားတာဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အတိအကျမသိပါဘူး။ ဒီလိုပဲ မှန်းဆရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေတခုအတွက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာပြောလိုပါတယ်” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောပါတယ်။
ဒါ့အပြင် ဒီပြဿနာတွေဟာ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့အတွက် အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ဖြေရှင်းခဲ့ပေမယ့်လည်း မပြီးပြတ်ခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိအစိုးရ အနေနဲ့လည်း တော်တော်ကို သတိထား ဖြေရှင်းနေတာတွေ့ရပြီး မဖြေရှင်းတာမဟုတ်ဘဲ အမျိုးမျိုးချိန်ဆပြီး လုပ်နေတဲ့ သဘောတွေ့တယ်လို့ ဆိုပါတယ်။
နေဖြိုးဝင်း
DVB TV News
http://burmese.dvb.no/archives/
#credit to original post owener
photo crd

Sunday, August 26, 2018
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်
တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးတက်ရောက်အားပေး
====================================
=========
အင်းတော်၊ သြဂုတ်၊ ၂၆
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့
နံနက် ၁၀း၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး|ကသာ
ခရိုင်၊ အင်းတော်မြို့နယ်၊ ရွာသာယာကျေးရွာ၊ ဘောလုံးကွင်း၌
ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်
အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ
ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဌ
ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီကော်မတီဝင်များ၊ ကသာခရိုင်
ပါတီဥက္ကဌ ဦးထွန်းအောင်ဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊
မြို့နယ်ပါတီဥက္ကဌဒေါ်သူသူဇင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊
ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ၊ ပါတီဝင်အသစ်များ၊ ရပ်မိ
ရပ်ဖများ စုစုပေါင်းအင်အား ၇၀၀ ဦးတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုကာ နိုင်ငံတော်အလံ
အလေးပြု၍ဖွင့်လှစ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်း
ဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ကအဖွင့်အမှာစကားပြောကြားခဲ့
သည်။ ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာမြင့်သိန်း
က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပါတီဝင်များကိုယ်
စားမှ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ရာ မော်တိတ်ကျေးရွာ
အုပ်စုပါတီဥက္ကဌ ဦးစိန်ကြည်မှပေးအပ်ခဲ့ပြီး တိုင်းပါတီဥက္ကဌမှ လက်ခံရယူခဲ့ကာ| ပါတီဝင်ကြေးများအား မြို့နယ်ပါတီအတွင်း
ရေးမှူး ဦးကျော်လွင်ဦးမှပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ပါတီ
ဥက္ကဌဒေါ်သူသူဇင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဇာတိ
မာန်သီချင်းသံပြိုင်သီဆို၍ အခမ်းနားကိုရုပ်သိမ်းခဲ့ပါသည် ။
ထို့နောက်တွင် ဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးသည် ရွာသာယာ
ကျေးရွာဆရာတော်ဦးဓမ္မိကအား သွားရောက်းဖူးမြှော်ကန်တော့
၍ ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
Thursday, August 23, 2018
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဘားအံမြို့နယ်ရှိ ရေလွှမ်းမိုးခြင်းခံရသည့် ကျုံဖဲကျေးရွာသို့ သွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းပေးအပ်
ုသြဂုတ် ၂၃
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည် ၁၂နာရီတွင် ဘားအံမြို့နယ်ရှိ ရေလွှမ်းမိုးခြင်းခံရသည့် ကျုံဖဲကျေးရွာသို့သွားရောက်ကြပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ကူညီပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။
ပထမဦးစွာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ကျုံဖဲကျေးရွာ ရွှေကျင်သရက်တောကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဖောတိကဓဇ ဘဒ္ဒန္တယသ ဆရာတော်ဘုရားအားဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
၎င်းနောက် ကျောင်းတိုက်ဓမ္မာရုံတွင်ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ လှူဒါန်းပစ္စည်းများပေးအပ်ခဲ့ပြီး ကျုံဖဲကျေးရွာ ရေဘေးသင့်ပြည်သူများကိုယ်စား ရပ်မိရပ်ဖနှစ်ဦးမှ ရေဘေးခံစားရသည့်အခြေအနေများအား ဆွေးနွေးတင်ပြခဲ့သည်။
ယင်းနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ယခုကဲ့သို့ရေဘေးသင့်နေသည့် ပြည်သူများအား မိမိတို့ပါတီဘက်မှ လာရောက်ပြီး ကူညီပံ့ပိုးရသည့်အခြေအနေများအာ ဆွေးနွေးပြောကြားရာတွင် "မိမိအနေဖြင့် မိမိတို့ပါတီဝင်များအား သဘာဝဘေးနှင့်ကြုံတွေ့လာခဲ့ပါက ပါတီအဆင့်ဆင့်၏ညွှန်ကြားချက်များအား စောင့်ဆိုင်းရန်မလိုဘဲ အချိန်နှင့်တပြေးညီ တက်နိုင်သည့်ဘက်မှ သွားရောက်ကူညီပေးရန် "မှာကြားထားပြီးဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါလှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ကရင်ပြည်နယ်တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်၊ ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြဦး၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကိုနှင့် ပြည်နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။
Wednesday, August 22, 2018
ပြည်ခိုင်ဖြိုးရဲ့ ကမ်းလက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ဥက္ကဌ
ဦးသန်းဌေး
ပြည်ခိုင်ဖြိုးပါတီဗဟို
အထွေထွေအတွင်းရေးမှူး
ဦးသက်နိုင်ဝင်း
ဒေါက်တာနန္ဒာလှမြင့်
ပါတီဗဟိုကော်မတီဝင်
များ
ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များနှင့်
ဒေသပါတီ မှ ခေါင်းဆောင်များ
ပါတီဝင်များတို့သည်
ယနေ့
၂၂ ၈ ၂၀၁၈ ရက်နေ့တွင်
ရွှေကျင်မြို့နယ်ညောင်အိုင် ၊စံဖဲ၊ကျွန်းတဲစု ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း နေခြင်းဖြစ်ပါသည်
လေးစားပါသည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
နန်းမြမြ မီမီဇော်
၂၂ ၈ ၂၀၁၈

Tuesday, August 14, 2018
ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ
ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင်
ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်များကိုစွန့်ခွာပြီး
အောင်သုခ ဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေကြရသည့်
ဒုက္ခသည်အပေါင်းတို့အား ချက်ပြုတ်ကျွေးမွေးနိုင်ရန်အတွက်
.
.
ဆန် ၇အိပ်
ခေါက်ဆွဲခြောက်ထုပ် ၂၀၀
ရေသန့်ဗူး ၂၀၀
ကြက်ဥ. ၃၀၀လုံး
မုန့်. ၄၀၀ခု တို့နှင့်
ဝါဆိုသင်္ကန်း ၃စုံ အား ဆရာတော်ထံလှူဒါန်းခဲ့ပြီး
ရေဘေးဒုက္ခသည်အပေါင်းတို့အား မုန့်များ ပေးဝေပြီး
အားပေးစကားများ ပြောကြားခဲ့ပါတယ်ခင်ဗျာ..
လတ်တလော လိုအပ်လျှက်ရှိနေတဲ့နေရာအတွက်
ချက်ချင်းဆိုသလို လှူဒါန်းပေးကြသော အလှူရှင်အပေါင်းတို့ကိုလဲ
ရွှေပြည်တော်သို့ဆုံမှတ်များ မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ.
.
.
လှူဒါန်းမှုအစုစုတို့အတွက် သာဓု သာဓု သာဓုပါခင်ဗျာ
.
.
.
.
.
ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းကြီး
Monday, August 13, 2018
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံအကြား နယ်နိမိတ်ကို ဘာကြောင့် "နိုင်ငံတကာ နယ်နိမိတ်"
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံအကြား
နယ်နိမိတ်ကို ဘာကြောင့် "နိုင်ငံတကာ
နယ်နိမိတ်"
လို့ သတင်းစာထဲမှာ
သုံးစွဲတာတာလဲလို့ နိုင်ငံတော်ချစ်စိတ်
နိုင်ငံတော်ကိုစေတနာထားစိတ်နဲ့မေးရင်-
အစိုးရ ဘာလုပ်လုပ် စောင့်ကြည့်နေတယ်
အပြစ်ရှာနေတယ်..ဒီဟာက နိုင်ငံတော်အပေါ်
စေတနာရှိလို့ မဟုတ်ဘူး သူတို့အပေါ်မှာဘဲ သူတို့စေတနာ ရှိလို့ဖြစ်တယ်လို့
ပြောအုံးမှာလားဗျာ.....?
ဒီမေးမြန်းချက်က သိပ်အရေးကြီးတဲ့
ကိစ္စဖြစ်ပါတယ်..။
နိုင်ငံတကာက ဝင်ရောက်စွက်ဖက်
ပြောဆိုလို့ရအောင်
"နိုင်ငံတကာ နယ်နိမိတ်" လို့ရည်ရွယ်ချက်ရှိရှိ
သုံးခဲ့တာဆိုရင်တော့-
နိုင်ငံကို မချစ်ဘဲ နိုင်ငံတော်ကို
စေတနာမထားဘဲကိုယ့်ကိုယ့်ချစ်တာ၊
ကိုယ့်ကိုယ် စေတနာထားတာ
ဘယ်သူလဲဆိုတာ ပြည်သူအများ
သိကြမှာပါ....။
တာဝန်ရှိသူတို့က
အချုပ်အခြာအာဏာထိပါးမည့်
အမှားများပြုလုပ်နေရင်တော့
မိမိအနေဖြင့် နိုင်ငံတော်ကို ချစ်စိတ်နှင့်
ဆက်လက် ထောက်ပြ ဝေဖန်
ပေးသွားမှာဖြစ်ပါတယ်..။
ဦးသိန်းထွန်းဦး
ပြည်ခိုင်ဖြိုးပါတီ

Sunday, August 12, 2018
"အရှင်ဝီရသူ ပညာရေး အကယ်ဒမီကျောင်း တည်ထောင်ဖွင့်လှစ်"
သြဂုတ်လ ၁၂ ၂၀၁၈ စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသရှိ
Dhammacedi Foundation ကျောင်းတိုက်အတွင်း
"ပညာရေး အကယ်ဒမီကျောင်း"ကို ၂၀၁၈ ၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်တည်ထောင်ထားကြောင်း သိရှိရသည်။
ကျောင်း စတင်ဖွင့်လှစ်သည့် ပထမနှစ်မှာပင်း GRADE 5 မှ GRADE 10 အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၄၀ ထိ ရှိပြီး တက္ကသိုလ်ဝင်တန်း [Fresher , Repeater ]အပါအဝင် ၁၀တန်း
( ၆၉ )ဦးဖြစ်သည်။
အဖိတ် ဥပုသ် ၂ရက်တွင် နိုင်ငံတကာ လူငယ်ငြိမ်းချမ်းရေး ဆုရှင် အရှင်ကုဏ္ဍလမှ အင်္ဂလိပ်ဘာ စကားပြောကို လေ့ကျင့်ပေးသည်။
ကျောင်းအုပ်ဆရာတော် အရှင်ဥက္ကဋ္ဌ
လက်ထောက်ဆရာတော် အရှင်သောဘိတ(သောကြာကြယ်)
ဦးစီးစေလျက် သင်ကြားရေး ဆရာ / ဆရာမ ၂၄ဦးတို့ ဖြင့် ပညာရေး အကယ်ဒမီးကျောင်ကို စတင်လေ့ကျင့် သင်ကြားပေးနေလျက်ရှိသည်။
ကျောင်းထိုင် ဆရာတော်က
အရှင်သုမနဖြစ်ပြီး
အရှင်ဝိစိတ္တာဘိဝံသ ( ဝီရသူ)နှင့်
အရှင်နာဂိန္ဒာလင်္ကာရတို့ နှစ်ပါးမှ အဓိကတာဝန်ယူ ထောက်ပံ့ပေးထားသည်ဟု သိရှိရသည်။
ဘာသာတရားကိုင်းရှိုင်းပြီး
နှစ်လုံးသားလှတဲ့ ခေတ်ပညာတက်
ကျောင်းသား ကျောင်းသူတွေ ဖြစ်ဖို့  "ပညာရေးအကယ်ဒမီးကျောင်း"ကို ပို့ ကြစို့ !လို့  တိုက်တွန်းပါရစေ။
၀၉ ၄၅၄၆၁၁၉၆၉
၀၉ ၇၈၁၅၁၃၉၇၀
စစ်သွေးနောင်
၁၂ ၈ ၂၀၁၈ 12:13PM
credit စစ်သွေးနောင်
Thursday, August 9, 2018
ကျုံပျော် ပြည်ခိုင်ဖြိုး
ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီသည်ပါတီ၏အသက်ဖြစ်သောစည်းရုံးရေးလုပ်ငန်းအပြင်ဘာသာ.သာသနာရေး၊လမ်းပန်းဆက်သွယ်ရေး၊တောင်သူလယ်သမားအကျိုးပြုစသည့်လုပ်ငန်းများကိုကဏ္ဍတစ်မျိုးစီပူးပေါင်းဆောင်ရွက်လျှက်ရှိရာယနေ့တွင်ကျုံပျော်မြို့အဝင်ရှိတောင်သူဦးကြီစဦးလှဝင်းလယ်တွင်တမန်းနှိုးခြင်းမြက်ကောက်ခြင်းစသည့်လုပ်ငန်းများကိုမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊အရန်ကော်မတီဝင်များ၊လူငယ်များ၊အမျိုးသမီးများအတူဆောင်ရွက်ခဲ့ကြပါသည်..
USDP KPW NEWS 10.8.2018
USDP KPW NEWS 10.8.2018
Wednesday, August 8, 2018
ဦးသန့် မရခဲ့တဲ့ နိုဗယ်ဆု ရဲ့နောက်ကွယ်မှာဘာတွေရှိလဲ _ _______
1960နှစ် အတွင်း အမေရိကန်နဲ့ ကပ်လျက် ကျူးဘားကျွန်းမှာ ရုရှားက နျူထိပ်ဖူးတပ် ဒုံးပျံတွေ အမေရိကန်ဘက် လှည့်ထားပြီး လာတပ်ဆင်သွားတယ်
သုံးရက်အတွင်း မဖယ်ရင် ဗုံးမိုးရွာချမယ်လို့ အမေရိကန်က ရာဇသံပေးပြီး စစ်သင်္ဘောတွေ ကို ကျူးဘားကျွန်းပတ်လည်မှာချထားလိုက်တယ် ။
ရုရှားကလည်း စစ်သင်္ဘောတွေ ထပ်ပြီးချထားလိုက်တဲ့အခါ ကမ္ဘာ့အင်အားအကြီးဆုံး ၂ နိုင်ငံ ပဋိပက္ခကြီးက တတိယကမ္ဘာစစ်ကိုဦးတည်ဘို့ အဆင်သင့် ဖြစ်နေလုဆဲဆဲဖြစ်သွားတော့တယ်
တစ်ကမ္ဘာလုံး စိုးရိမ်ကြောင့်ကြမှု့တွေနဲ့ စစ်မဖြစ်ပွားရေးအတွက် တကယ့်အလေးထားပြီး ဖြောင့်ဖြကြပေမယ့် ပြသနာက ပြေလည်မှု့မရရှိခဲ့ဘူး ထိပ်တိုက်
ရင်ဆိုင်မှု့ကပိုပြင်းထန်လာပြီးတတိယ ကမ္ဘာစစ်ကို
ဦးတည်နေတယ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရာထူး ရကာစ ဦးသန့်ဟာ အမေရိကန်နဲ့ ရုရှားက သမ္မတနှစ်ယောက်ကို သုံးရက်အတွင်းလေလယာဉ်နဲ့ ခေါက်တုန့်ခေါက်ပြန်ပြောဆို ပြီး အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ခဲ့ရာမှာညှိနှိုင်းမှု အဆင်ပြေပြီး သတ်မှတ်ရက်ပြည့်ဘို့နာရီပိုင်းလေးအလိုမှာ ရုရှားက ဒုံးတွေ ပြန်သိမ်းသွားတာကြောင့် တတိယကမ္ဘာစစ်ဘေးကကင်းဝေးခဲ့ရပါတယ်
အဲ့ဒီဖြစ်စဉ်အတွက် "ဦးသန့်"ကိုတစ်ကမ္ဘာလုံး တစ်ခဲနက် ချီးကျူးကြရင်း နိုဗယ်ဆုပေးဖို့ ဝိုင်းဝန်းအဆိုတင်သွင်း ထောက်ခံတိုက်တွန်းကြပေမယ့် ဆုရွေးချယ်ချီးမြှင့်ရေးဥက္ကဌ က အကြောင်းပြချက်မရှိဘဲ ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်
အိန္ဒိယခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဟတ္တမ ဂန္ဓီဟာအကြမ်းမဖက်နည်းနဲ့ပဲ ဗြိတိသျှကိုတော်လှန်ခဲ့တဲ့သူတစ်ဦးဖြစ်တဲ့အတွက် သူ့ကို နိုဗယ်ဆုပေးဖို့ ကမ္ဘာက နှစ်စဉ်နှစ်တိုင်း အကြိမ်ကြိမ် တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် သူ ဆန့်ကျင်ခဲ့တာက ဗြိတိန်လို အနောက်နိုင်ငံ ဖြစ်နေလေတော့ဆိုတဲ့ ကွယ်လွန်သာသွားတယ် နိုဗယ်ဆုလုံးဝ ရမသွားခဲ့ပါဘူး
ဒါပေမယ့် အိုဘားမား ဂေါ်ဗာချောဗ့် ဒလိုင်းလာ
မား နဲ့ ကျန်သူပေါ့ဗျာ ဘာတွေငြိမ်းချမ်းစေခဲ့လို့
နိုဗယ်ဆု တွေ ဗုံးဘောလအောပေးလဲဆိုတာရယ်
ဘယ်အရည်အချင်းကြောင့် ပေးတယ်ဆိုတာရယ်
ဇွတ်အတင်းထိုးသိပ်ပေးပစ်တဲ့ရည်ရွယ်ချက်ကဘာပါ
လိမ့်ဆိုတာတွေးကြည့်ရင်အများကြီးပါ
ထူးခြားမှု့အနေနဲ့ နိုဗယ်ဆုကို ယူဖို့ ငြင်းဆန်ခဲ့ကြတဲ့ ဗီယက်နမ်ခေါင်းဆောင် လီဒပ်သို နဲ့ ပြင်သစ်က ယန်းပေါဆတ်တို့လို ပုဂ္ဂိုလ်တွေလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်
ဒါကြောင့်နိုဗယ်လ် ဆုရဲ့နောက်ကွယ်မှာ မမြင်ရတဲ့ လျို့ဝှက်ချက်တွေ ရှိနေသလို
နိုဗယ်ဆုရတိုင်းလည်း အထင်ကြီးစရာ ရှိသလား
ဆိုတဲ့ မေးခွန်းတစ်ပုဒ်က အဖြေထုပ်စရာ အများအပြားရှိနေတယ်ဆိုတာကို........ 🙂 ။
#မူရင်းpostပိုင်ရှင်အား #creditပေးပါသည်
သီဟသွေးတို့ရဲ့ မွန်မြတ်စေတနာ
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ နယ်အတွင်းရှိ
ရေဘေးသင့်ပြည်သူများအတွက် နေပြည်တော်
သီဟသွေးချစ်သူများလူငယ်အဖွဲ့ မှ လှူဒါန်းမည့်
ပစ္စည်းအရေအတွက်များမှာ
ဆန် ဆီ ဆပ်ပြာမှုန့် ငါးတင်းဘူး ဆား ရေသန့်
ခေါက်ဆွဲခြောက် ကြက်သွန်နီ ကြက်သွန်ဖြူ စသည်တို့ကို
ကျေးရွာ(၄)သို့  အိမ်တိုင်ရာရောက်လှူဒါန်းသွားမည်
ဖြစ်ပါသည်။
fighting သီဟသွေးတို့

Tuesday, August 7, 2018
#၈၈အရေးအခင်းဘယ်ကစ
အင်းစိန်ကြို့ကုန်းအနောက်ရပ်ကွက်က ရပ်ကွက်နေသူတွေ နဲ့ ရန်ကုန်စက်မှူတက္ကသိုလ်
ကျောင်းသားအချို့ ဘူတာအနီးကစန္ဒာဝင်း
လက်ဖက်ရည်ဆိုင်မှာ ရန်ဖြစ်တာကစပါတယ်
#ဘာအကြောင်းအရာကြောင့်ဖြစ်
သီချင်းကက်ဆက်ခွေ ဖွင့်ရန် အကြောင်းကိစ္စကြောင့်ဖြစ်ပါတယ်
#ဘယ်သူတွေဖြစ်
စက်မှူတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား
ကျော်စန်းဝင်း ၊မောင်ဝင်းမြင့် တို့နဲ့ ရပ်ကွက်နေ
ဇော်ဇော်(ခေါ်)ညီညီလွင် နှင့် အပေါင်းအပါ (၅) ဦး
တို့ ဖြစ်ပါတယ်
#ဘယ်နေ့ဘယ်အချိန်မှာဖြစ်
၁၂.၃.၁၉၈၈ ၊ ည (၉) နာရီ မှာပါ ..
#ဘယ်လိုဆက်ဖြစ်
ရန်ဖြစ်တော့ ရဲက ပစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅/၁၁၄ အရ အမှုဖွင့်အရေးယူပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟုယူဆရတဲ့ ဇော်ဇော် (ခေါ်) ညီညီလွင်နဲ့ လူငယ် ငါးဦးတို့အား ဖမ်းဆီးခဲ့ပါတယ်
လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှူများ ပြုလုပ်ခဲ့ပြီး
မှူခင်း ကိစ္စနဲ့ မသက်ဆိုင်တဲ့ ဇော်ဇော်(ခေါ်)ညီညီလွင်ကို
၁၃.၃.၁၉၈၈ မှာပြန်လွှတ်ပေးခဲ့ပါတယ်
ဒါကို ကျောင်းသားတွေက မကြေနပ်ပဲ
ရပ်ကွက်ကိုထပ်ပြဿနာရှာတဲ့အတွက်
ရန်ထပ်ဖြစ်ကြပြီး ကျောင်းသားတစ်ယောက်
ဒဏ်ရာရပါတယ်
ဒါကိုထပ်အကြောင်းပြု ကျောင်းသားတွေစုပြီး
စန္ဒာဝင်း လက်ဖက်ရည်ဆိုင်နဲ့ ကောင်စီရုံးကို
ဂဲတွေနဲ့ ဝိုင်းပေါက်ကြတယ် ၊ ဆဲဆိုကြတယ်
အဲ့လူတွေထဲကမှ ဆူပူချင်တဲ့သူတွေက
ရက်ကွက် သမဝါယမ ဆိုင်ကို မီးရှို့တယ် ..
ရပ်ကွက်ကသူတွေက မီးဝိုင်းငြိမ်းကြပြီး ..
ကျောင်းသားတွေကို လိုက်ကြတော့
လွတ်သွားတယ်
ဒါကိုထပ်အကြောင်းပြု ထပ်လာပြီး
မီးထပ်ရှို့ကြတာ သမဝါယမ ဆိုင်တင်မက
လူနေအိမ် ၄ အိမ်ပါ ပါသွားတယ်
ရပ်ကွက်နေသူတွေကလဲ သည်းမခံနိုင်တဲ့အဆုံး
တုတ်တွေ၊ ဓားတွေနဲ့ ပါ ရင်ဆိုင်လာကြတယ်
တစ်ဖက်နဲ့ တစ်ဖက်ဖြစ်ကြရင်း
နောက်ဆုံး အင်းစိန်လမ်းပေါ်မှာ
လူအုပ်ကြီးတွေဖြစ်ပြီး ရန်စောင်ကြတဲ့
အခြေအနေ ဖြစ်လာတယ် ..
အခြေအနေဆိုးလာတဲ့အတွက်
သက်ဆိုင်ရာ အာဏာပိုင်တွေက
၂ဖက် စလုံးကို လူစုခွဲခိုင်းကြရာမှာ
ရပ်ကွက်နေသူတွေက လူစုကွဲသွားပြီး
ကျောင်းသားတွေက လုံထိန်းတွေကိုပါရန်မူလာကြတယ် ကျောင်းသားတွေ လူစုမခွဲပဲ ရန်မူလာကြတဲ့အတွက် မီးသတ်ကားတွေ ၊ တစ်လုံးထိုးသေနတ်တွေနဲ့ခြောက်လန့် ပစ်ခတ် လူစုခွဲစေတယ်
နောက်ဆုံး ၁၄.၃.၁၉၈၈ မနက် ၃ နာရီမှာ
လူစုကွဲ သွားကြတယ် ..
အဓိကရုန်း ဖြိုခွဲရင်းနဲ့ ကျောင်းသား ၅ ဦး ဒဏ်ရာရပြီး ဖုန်းမော် ဆိုသူ သေဆုံးခဲ့တယ် ..
ဒါကို အကြောင်းပြုရင်းနဲ့
နောက်ရက်တွေမှာ ကျောင်းသားတွေက
ရပ်တန့်မသွားပဲ ဆူပူဆန္ဒပြမှူတွေ ဆက်လုပ်လာကြတယ်..
(၁၅.၃.၁၉၈၈)
စစ်တပ် မှ ရန်ကုန် စက်မှု တက္ကသိုလ်ကျောင်းဝင်း
ထဲထိ ဝင်ပြီး ထိန်းသိမ်းခဲ့ရပြီး ဆူပူရမ်းကားတဲ့
ကျောင်းသား အချို့ကို ထိန်းသိမ်းခဲ့ရတယ်
(၁၆.၃.၁၉၈၈)
ရန်ကုန်တက္ကသိုလ်များ ကျောင်းသားများ တွေပါလာပြီး လှိုင်ကောလိပ်နှင့် စက်မှု တက္ကသိုလ်သို့ ပြည်လမ်းမ အတိုင်း ဆန္ဒပြ ချီတက်လာကြတဲ့အတွက် လုံထိန်းနဲ့ စစ်တပ်က တားဆီးခဲ့ရပြန်တယ်
(၁၇.၃.၁၉၈၈)
ဖုန်းမော် အသုဘ ပို့ဆောင် သဂြိုလ်တာကို
အကြောင်းပြုပြီး ဆူပူလိုသူတွေရှိလာတဲ့အတွက်
တိတ်ဆိတ်စွာပဲ တခြားနေရာမှာ သဂြိုလ်လိုက်ရပါတယ်
(၁၈.၃.၁၉၈၈)
ဆူပူသောင်းကျန်းလိုသူများ ကြောင့်
တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်ရတယ်
(၉.၄.၁၉၈၈)
စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လတွင်
ဖြစ်ပွားခဲ့သော အဓိကရုဏ်း၌ ကျောင်းသား ၃ယောက်သေဆုံးပြီး
၆၂၅ယောက် အဖမ်းခံရကာ ၁၄၁ ယောက်ကို ဆက်လက် ထိန်းသိမ်းထားကြောင်း ကြေငြာပေးတယ်
(၃၀.၅.၁၉၈၈)
ကျောင်းများ ပြန်ဖွင့်ခဲ့ပြီး ကျောင်းတက်သော ကျောင်းသားတွေကြားထဲ အစိုးရ ဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေဖြန့်ဝေသူတွေ ရှိခဲ့တယ်
(၁၅.၆.၁၉၈၈)
ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ အစည်းအဝေးပွဲတွေ ဆန္ဒပြ ပွဲတွေ စတင်ပေါ်ပေါက်လာတယ်
(၁၆.၆.၁၉၈၈)
မောင်မောင်ကျော်၊ မိုးသီးဇွန်တို့ရဲ့ ဟောပြောပွဲတွေ တက္ကသိုလ် ကျောင်းဝင်းများ အတွင်းပေါ်ပေါက်လာတယ်
(၁၇.၆.၁၉၈၈)
ဆူပူအုံကြွမှူများကြောင့် ရန်ကုန် တက္ကသိုလ် အတွင်းမှ သင်တန်းများ အားလုံး ရပ်စဲလိုက်ရပါတယ်
(၂၁.၆.၁၉၈၈)
ကျောင်းသားများက ပြည်လမ်းရှိ ဆေးတက္ကသိုလ်မှ ရန်ကုန်မြို့လယ်ကို ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြပါတယ် ..
ဟံသာဝတီ လမ်းဆုံ အရောက်မှာ လုံထိန်းများက
တားမြစ်ဖြိုခွဲရာကနေ ကျောင်းသားများကလည်း ဂျင်ကလိများဖြင့်ပြန်လည်ပစ်ခတ်ကြပြီးအဓိကရုဏ်းများ ဖြစ်ပွားခဲ့ပါတယ် ကျောင်းသား အချို့သေဆုံးသလိုနှင့် လုံထိန်း ၂၀ခန့် သေဆုံးကြသည်။
အစိုးရ က ဇွန်လ ၂၁ရက်နေ့မှ ဩဂုတ် ၁၉ရက်နေ့အထိ လူစုလူဝေး မပြုလုပ်ရန် နှင့် ညနေ၆နာရီမှ နံနက် ၆နာရီထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်ရတယ်.. ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်ရတယ် ..
(၁.၇.၁၉၈၈)
အစိုးရမှ ညမထွက်ရအမိန့်ကို ည၈နာရီ မှ နံနက် ၄နာရီသို့ ပြင်ဆင်လိုက်တယ်
(၉.၇.၁၉၈၈)
ညမထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းပြီး ကျောင်းထုတ်ခံရသော ကျောင်းသား
များလည်း သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင် ကျောင်းပြန်တက်ခွင့်ပြန်လည် လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့တယ်
(၁၈.၇.၁၉၈၈)
မတ်လအတွင်း ဖြစ်ခဲ့သော အဓိကရုဏ်းများနဲ့ပတ်သတ်ပြီးတာဝန်ရှိသည်ဟု ပြည်ထဲရေး ၀န်ကြီးဦးမင်းခေါင် ရာထူးမှ နှုတ်ထွက်သွားတယ်..
(၂၂.၇.၁၉၈၈)
ပြည်မြို့မှာ ဆူပူမှူတွေ ဖြစ်ပေါ်ခဲ့ပြီး ..အကြမ်းဖက် သတ်ဖြတ်မှူတွေကြောင့် ..အရေးပေါ် အခြေအနေကြေညာပြီး အုပ်ချုပ်ရေးတာဝန်ကိုတပ်မတော်သို့
လွှဲပေးလိုက်ရတယ်
(၂၈.၇.၁၉၈၈)
ရွေတိဂုံစေတီတော်တွင် ကျောင်းသားများနှင့် ပြည်သူလူထုများ ဆန့်ကျင် ဆန္ဒပြ စုရုံးကြတယ်..
မြေထဲမြို့ တွင် ညမထွက်ရ အမိန့်ထုတ်လိုက်တယ်
(၁.၈.၁၉၈၈)
ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က သြဂုတ် ၈ရက် နေ့တွင်
ဗမာနိုင်ငံလုံး အထွေထွေ သပိတ်ကြီး ဆင်နွှဲရန် လှုံ့ဆော်တဲ့ စာရွက် စာတမ်းတွေ ဖြန့်ဝေကြတယ်
(၂.၈.၁၉၈၈)
ရွှေတိဂုံစေတီတော်မှာ ကျောင်းသားများ အစည်းအဝေးကျင်းပကာ ဟောပြောပွဲများ ပြုလုပ်ကြတယ်
(၃.၈.၁၉၈၈)
ရန်ကုန်မြို့တွင် မာရှယ်လော ထုတ်ပြန်ပြီး
ညနေ၆နာရီ နောက်ပိုင်း အပြင်မထွက်ရအမိန့်
ထုတ်ပြန် ကြေညာခဲ့တယ် ..
မာရှယ်လော အမိန့်ကို ဖီဆန်ပြီး မြို့တွင်းမှာ လှည့်လည်ဆန္ဒပြကြ သူတွေရှိခဲ့တယ်

(၆.၈.၁၉၈၈)
ရေနံချောင်း သနပ္ပင်နှင့် ပဲခူးမြို့နယ်တို့တွင်လည်း
ညမထွက်ရ အမိန့်များ ထုတ်ပြန်လိုက်တယ်
(၈.၈.၁၉၈၈)
ရန်ကုန်မြို့ လမ်းမပေါ် နေရာတိုင်း၌ လူတန်းစား ပေါင်းစုံပါဝင်သော အထွေထွေ သပိတ်ကြီးကို ဆင်နွှဲကြတယ် အဲ့ဒီအချိန်မှာမှ ဆန္ဒပြ လူထုကြီးက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး၊ မဆလ ပါတီနှုတ်ထွက်ရေး နှင့် ဆိုရှယ်လစ် စီးပွားရေး စနစ်ကို အဆုံးသတ်ရန် တောင်းဆိုကြတယ် ..
တစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်တွင် ဆန္ဒပြပွဲများ တပြိုင်တည်း ကျင်းပကြတယ်..
(၉.၈.၁၉၈၈)
ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ..
နိုင်ငံပိုင် အဆောက်အအုံတွေ ဖျပ်ဆီးသူတွေ
မီးရှို့သူတွေရှိလာပြီး အကြမ်းဖက်မှူတွေ
ဖြစ်ပေါ်လာတဲ့အတွက် ကျောင်းများအားလုံးကို
ပိတ်လိုက်ရတယ်
(၁၀.၈.၁၉၈၈)
မြောက်ဥက္ကလာပတွင် မင်းမဲ့စရိုက်ဆန်စွာ လူအုပ်ကြီးက ရဲအချို့အား ခေါင်းဖြတ်သတ်လိုက်တယ်
(၁၂.၈.၁၉၈၈)
ဥိးစိန်လွင် ရာထူးမှ ဆင်းတယ် ..
(၁၉.၈.၁၉၈၈)
ဒေါက်တာမောင်မောင်အား မဆလ၏ ဥက္ကဌ အသစ်အဖြစ် ခန့်လိုက်တယ်..
တရားသူကြီးအဖွဲ့ ဥက္ကဌ ဦးတင်အောင်ဟိန်းဦးဆောင်သည့် ပြည်သူ့ဆန္ဒလေ့လာရေး
ကော်မရှင်ကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းလိုက်တယ်
(၂၀.၈.၁၉၈၈)
ဆန္ဒပြသူများက ဒေါက်တာ မောင်မောင်၏ အစိုးရသစ် နှုတ်ထွက်ပေး၇န်၊ အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ပေးရန် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် တောင်းဆိုကြတယ်
(၂၄.၈.၁၉၈၈)
မာရှယ်လော ကို ရုတ်သိမ်းလိုက်တယ်.. ဒေါက်တာမောင်မောင်က ..
တစ်ပါတီစနစ် (သို့) ပါတီစုံစနစ် ကျင့်သုံးရန် ပြည်သူ့ဆန္ဒယူပွဲပြုလုပ်ပေးရန် ကတိပြုလိုက်တယ်
(၂၆.၈.၁၉၈၈)
ရွှေတိဂုံစေတီ အနောက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောင်ပေါင်းများစွာသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့ပြီးအထွေထွေ သပိတ်ကြီးကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အားလုံးရပ်ဆိုင်းသွားခဲ့ရတယ်
အင်းစိန်ထောင်တွင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးရှိ ထောင်အသီးသီးတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၉၀၀၀ ခန့် လွတ်မြောက်သွားခဲ့တယ်
(၂၈.၈.၁၉၈၈)
ဗမာလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်းတည်ထောင်ပြီး မင်းကိုနိုင် ကို ဥက္ကဌအဖြစ် တင်မြှောက်ကြတယ် ..
ဦးနုက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး
အဖွဲ့ချုပ် ကို တည်ထောင်လိုက်သည်။
ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး အစိုးရက လမ်းမပေါ်ရှိ ဆန္ဒပြပွဲများ နှင့် အစည်းအဝေးပွဲများ ကို ပြုလုပ်ခွင့်ပေးခဲ့တယ် ..
(၁၇.၉.၁၉၈၈)
အစိုးရက နှုတ်ထွက်ပေးရန် နှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် ခေါင်းစဉ်နဲ့ ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာပြီး ကျောင်းသားများ စတင်ပြီး တောခိုကြတယ်
(၁၈.၉.၁၉၈၈)
ဗိုလ်ချုပ်ကြီး စောမောင်က စစ်တပ်မှ အာဏာကို လွှဲယူလိုက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှုတည်ဆောက်ရေး အဖွဲ့ကို ဖွဲ့လိုက်ကြောင်း ကြေညာလိုက်ပြီး တပ်မတော်က .. တာဝန်စယူပါတော့တယ် ..
(၁၉.၈.၁၉၈၈)
မြို့ပေါ်စိမ့်ဝင်လာတဲ့ သောင်းကျန်းသူ ပြောက်ကျားများက ရန်ကုန်မြို့လယ်ရှိ မိုက်ကရိုဝေ့ ကြေးနန်းတိုင်အား ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပါသေးတယ်
#သုံးသပ်ချက်
၈၈၈၈ ရဲ့ ပြဿနာ အစကို သုံးသပ်ရင်
ဘာ နိုင်ငံအရေး ၊ ကျောင်းသားအရေး ၊ ဒီမိုကရေစီအရေး တစ်ခုကိုမှ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပဲ ဖြစ်ပေါ်လာတဲ့ ပြဿနာကို အကြောင်းပြုပြီးမှသာ နိုင်ငံကို ပျက်ဆီးစေလိုသူတွေရဲ့ ..
သပ်လျိုမှူ ၊ သွေးထိုးမှူတွေ ၊ အသုံးချမှူတွေ ကြောင့်သာ တိုင်းပြည် မငြိမ်သက်မှူတွေဖြစ်လာခဲ့တယ်လို့ပဲသုံးသပ်မိပါတယ် ..

Aye Chan Min
7.8.2018
#၈၈၈၈History
7.8.2018
#၈၈၈၈History
Monday, August 6, 2018
အမတ်ဒိန်ပြောပီ
"ဘင်္ဂလီဆိုးတွေကို
အကြမ်းဖက်အဖြစ်တင်သွင်းတဲ့ အဆို"ကို
မြန်မာလွှတ်တော်ကကန့်ကွက်ပြီး
အသိအမှတ်မပြုခဲ့တဲ့ အတွက်
"ဘင်္ဂလီဆိုးတွေဟာ
အကြမ်းဖက်တွေမဟုတ်ဘူးလို့
မြန်မာ့လွှတ်တော်ကပင် သတ်မှတ်ထား
ကြောင်း" ခိုင်မာတဲ့အထောက်အထားကမ္ဘာက ရသွားခဲ့တယ် ။
အခု "အာဆာအကြမ်းဖက်မှုနောက်ပိုင်း
လူ့အခွင့်အရေးချိုးဖောက်မှု" ကို
စစ်ဆေးဖို့ နိုင်ငံတကာပုဂ္ဂိုလ်ကြီးနဲ့
ကော်မရှင်ဖွဲ့လိုက်တဲ့အတွက်
"ဘင်္ဂလီအာဆာတွေရဲ့ အကြမ်းဖက်မှုဟာတရားမျှတတဲ့တော်လှန်ရေး၊
လူ့အခွင့်အရေးချိုးဖောက်မှုနဲ့
မဆိုင်ဘူး လို့
မြန်မာအစိုးရက အသိအမှတ်ပြု
ထားကြောင်း" ကမ္ဘာကခိုင်မာတဲ့
အထောက်အထားရသွားပြန်တယ် ။
ကော်မရှင်ဖွဲ့မယ် သတင်းထုတ်
ကတည်းက
မပွင့်လင်းတာ ပြည်သူတွေ
သိပြီးသားပါ ။
ကျွန်တော်တို့ရဲ့မြန်မာအစိုးရ
မပွင့်လင်းတဲ့အပြင်ရိုးသားမှုရော
ရှိရဲ့လား ။
ဒီကော်မရှင်က
ပြည်ပဖိအားကိုလျော့ချနိုင်မယ်လို့
တကယ်ထင်ပါလား ။
တပ်မတော်နဲ့ထိပ်တိုက်ရင်ဆိုင်
တွေ့ပြီး တပ်မတော်က
လက်မခံရင် အစိုးရအနေနဲ့
တပ်မတော်ကို ဘယ်လိုအရေး
ယူမလဲ ။
နိုင်ငံတကာတပ်နဲ့
တပ်မတော်ကိုအပြစ်ပေးဖို့ကြိုးစား
ရင် ကိုယ့်တိုင်းပြည်ထဲမှာပြည်ပစစ်
ဖြစ်မယ် ။ပြည်ပစစ်ဖြစ်ရင်
ပြည်သူတွေဒုက္ခရောက်မယ်ဆိုတာ
ရောတွက်ထားပြီးသားလား ။
ပြည်သူတစ်ယောက်အနေနဲ့
ပွင့်ပွင့်လင်းလင်းမေးချင်တယ် ။
အမတ်ဒိန်
၃၀့၇့၂၀၁၈

Saturday, August 4, 2018
ဘင်္ဂါလီဒုက္ခသည် (၅၀၀)ကျော်ကို အပြီးသတ် ပြောင်းရွှေ့နေရာချ ========================
သဘာဝဘေးကျရောက်နေတဲ့မြန်မာပြည်သူတွေကလည်းမျော့်လင့်နေပါတယ်????
■ ရခိုင်ပြည်နယ်
ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ မွတ်စလင်ကယ်ဆယ်ရေးစခန်းက
ဒုက္ခသည် ၅၀၀ ကျော်ကို အပြီးသတ်
ပြောင်းရွှေ့နေရာချထားပြီးသွားပြီလို့
အစိုးရတာဝန်ရှိသူတွေက ဒီနေ့ပြောပါတယ်။
ပြန်လည်နေရာချထားတဲ့ ဒုက္ခသည်တွေ
မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်တဲ့အထိ စားနပ်ရိက္ခာနဲ့ အခြားကူညီထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်
နေရာချထားရေးဝန်ကြီးဌာနက
ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ပြောပါတယ်။
" အိမ်ကတော့ ၈၅ အိမ်လုံး ရွှေ့ပြီးသွားပြီ၊
ဟိုဘက်မှာလည်း နဂိုတဲတန်းလျား
အဟောင်းတွေကိုလည်း ဖျက်ပြီးသွားပြီ၊
အဓိက သူတို့အလုပ်အကိုင်နဲ့
သူတို့ခြေထောက်ပေါ်သူတို့
ရပ်တည်နိုင်သွားပြီဆိုတဲ့ အချိန်ထိတော့
ထောက်ပံ့ပေးမှာပေါ့၊ နဂိုကလည်း
တခြားအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့
ထောက်ပံ့နေတာပဲလေ"
နိဒင်ကျေးရွာမှာ မွတ်စလင် ဒုက္ခသည်
အိမ်ထောင်စု ၈၅ စု လူဦးရေ
၅၀၀ ကျော်ဟာ ၂၀၁၂ ခုနှစ်က
ကျောက်တော်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့
ပဋိပက္ခတွေကြောင့် မြို့ပေါ်ကနေ
ပြောင်းရွှေ့ နေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။
သူတို့တွေအတွက်
အဲဒီ နိဒင်ကျေးရွာအနီးမှာပဲ လုံးချင်း
နေအိမ်တွေ ဆောက်လုပ်ပြီး ပြန်လည်
နေရာချထားရေး ဆောင်ရွက်ခဲ့တာဖြစ်ပြီး
နေအိမ်ပြီးစီးမှုအပေါ် မူတည်ပြီး အခု
လဆန်းပိုင်းကပဲ ဒုက္ခသည်မိသားစုတွေ
တဖြည်းဖြည်း ပြောင်းရွှေ့နေကြတာ
ဖြစ်ပါတယ်။
အလားတူ အိမ်ထောင်စု ၆၄၀ ကျော်နဲ့
လူဦးရေ ၃ ထောင်ကျော်ရှိတဲ့ မြေပုံမြို့
တောင်ပေါ်ကယ်ဆယ်ရေး စခန်းကို
ပိတ်သိမ်းဖို့အတွက် လုံးချင်းနေအိမ်တွေကို အသုတ်လိုက်ဆောက်လုပ်ပေးနေပြီး
လက်ရှိအချိန်အထိ နေအိမ်အလုံးရေ ၁၀၀ ကို ဆောက်လုပ်ပြီးစီးနေပြီဖြစ်တာကြောင့်
ဒုက္ခသည်မိသားစုတွေ ပြောင်းရွှေ့
နေထိုင်နေကြပြီလို့သိရပါတယ်။
ရခိုင်ပြည်နယ်မှာ
၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့
ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေကို အဓိကထား ပိတ်သိမ်းနိုင်ဖို့
အစိုးရက ကြိုးစားနေတာဖြစ်ပါတယ်။
ပုံကတော့ နိဒင်ကျေးရွာအနီးက
ဆောက်လုပ်ပြီးစီးတဲ့ လုံးချင်း
နေအိမ်တွေကို တွေ့ရတာဖြစ်ပါတယ်
RFA Burmese လို
ကမ္ဘာသိမီဒီယာက ဒီလို တရားဝင်
ချ ပြထားတာကို ဖတ်ရ မြင်ရတိုင်း
ယနေ့
သဘာဝဘေးဒါဏ်အမျိုးမျိုးကို
အလူးအလဲ ခံနေရတဲ့
ကျ နော်တို့ ပြည်သူတွေကို
အစိုးရကိုချ ည်း အားမကိုးပါနဲ့ လို့
မျ က်နှာပြောင်တိုက်ပြောနေတာတောင်
nld မှ nld ပဲ ဆိုရင်တော့
ခံပေဦးတော့ မြန်မာပြည်…
Friday, August 3, 2018
ဒီနေ့ကလေးဝမြို့နယ်မှာဟော့ဖြစ်သွားတဲ့သတင်း
ကလေးဝမြို့နယ်တွင် ကျောက်မီးသွေးတွင်း ပြိုကျမှု ဖြစ်ပွားရာ(၅)ဦးသေဆုံး
ကလေးဝ သြဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် သြဂုတ်လ(၂)ရက်နေ့ ည(၂၃း၁၅)နာရီအချိန်ခန့်က သစ်ချောက်ဒေသရှိ ထွန်းသွင်ကျောက်မီးသွေးတူးဖော်ရေးကုမ္မဏီ၊ ရွှေပေါက်ပေါက်မြေအောက်တူးဖော်ရေး လုပ်ကွက်တွင် အဝမှ အတွင်းသို့ ပေ(၇၀၀)၊ အနက်ပေ (၆၃၀)တွင် ကျောက်မီးသွေးကြောအတွင်းမှ ဂက်(စ်)ဓါတ်ငွေ့(မီသိန်းဓါတ်ငွေ့)ပွင့်ထွက်ပြီး ကျောက်မီးသွေးတွင်းပြိုကျမှု ဖြစ်ပွားခဲ့သည်။
တွင်းပြိုကျမှုဖြစ်ပွားရာတွင် မြန်မာနိုင်ငံသား(၄)ဦး မျိုးဝင်းလှိုင်(၂၀)နှစ်(ဘ)ဦးသိန်းအောင်၊ဥာဏ်ဖြိုးဦး (၁၉)နှစ်(ဘ)ဦးထွန်း၊ ဇင်ကိုဦး(၂၃)နှစ်(ဘ)ဦးသိန်းဝင်း၊ ဆန်းလင်း(၃၁)နှစ်(ဘ)ဦးညွန့်တင်တို့နှင့် တရုတ်နိုင်ငံ သား(၁)ဦး Mr.Kang Guang Qiang. PP.No.E.68523930 မွေးသက္ကရာဇ်(၆.၈.၁၉၆၄) Visa N0.Sep/292/2018 (တိုင်းဒေသကြီးမှထုတ်ပေးထား)ပိတ်မိနေကြောင်းနှင့် အောက်စီဂျင်ပြတ်လပ်လူနာ ကျော်ရဲအောင်(၂၇)နှစ်၊ ဟန်စိုးထက်(၂၀)နှစ်၊ကျော်ဇင်လတ်(၂၇)နှစ်၊ပြည့်ဖြိုးအောင် (၂၆)နှစ်တို့မှာ ကလေးဝမြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီးဆေးကုသမှုခံယူကာ ပြန်လည်ကျန်းမာကောင်းမွန်ပြီဖြစ်ပါကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မြေအောက်၌ ပိတ်မိနေသူများအား ကုမ္မဏီမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့နယ်လဝက နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့ကသွာရောက်ကယ်ဆယ်ဆောင်ရွက်ကြရာ ဩဂုတ်လ ၃ ရက်နေ့ ၁၃း၅၅ နာရီအချိန်တွင် ပိတ်မိနေသော၎င်းတရုတ်လူမျိုး ၁ဦးနှင့် ဗမာလူမျိုး ၄ ဦးတို့အားမီးလောင်ကျွမ်းရာဒဏ်ရာများဖြင့် သေဆုံးနေသောအလောင်းများအား လှိုင်ခေါင်းအပြင်သို့ထုတ်၍ ကလေးဝမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာအဆိုပါ ၅ ဦးသေဆုံးမှုနှင့်ပတ်သတ်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်ကလေးဝမြို့မ ရဲစခန်းမှရဲအုပ် ဌေးဝင်း ရဲ၅၀၅၃မှ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
Tuesday, July 31, 2018
လမ်းနယ်ကျူးကျော် ခြံခတ်၍တရားစွဲဆိုခံထားရသူ (၃)ဦးလာရောက် အဖမ်းခံ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟေတ္တာကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာတွင် လမ်းနယ်ကျူးကျော် ခြံခတ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသော ဒေသခံ ဦးသိန်းပိုင်၊ ဒေါ်မြမြ၊ ဒေါ်အေးတို့အား ဖမ်းဝရမ်းထုတ်မည်ဟု ပြောဆိုလာခြင်းကြောင့် (၂၀၁၈)ခုနှစ် ဇူလိုင်(၃၁) ရက် နံနက်(၁၀)နာရီခွဲတွင် ပုသိမ်ကြီးမြို့မရဲစခန်း၌ ၄င်းတို့မှ အဖမ်းခံရန် လာရောက် ကြစဉ်။
မန္တလေးတိုင်းဒေသကြီး လမ်းများတံတားများ ဥပဒေပုဒ်မ ၂၂ ဖြင့် သရက်ကိုင်းကျေးရွာမှ ဒေါ်မြမြ၊ အောင်သပြေကျေးရွာမှ ဦးသိန်းပိုင်၊ ဒေါ်အေး၊ ဒေါ်မြမြ တို့လေးဦးကို တရားစွဲခဲ့ရာ ဇူလိုင်(၂၂)ရက်က(၁)ဦးကို နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျန်ရှိနေသော ဒေသခံတောင်သူ (၃)ဦးမှ ဇူလိုင်(၃၁)ရက်တွင် လာရောက် အဖမ်းခံခြင်းဖြစ်သည်။
===========
ဓာတ်ပုံ ဘိုဘို မဇ္ဈိမ
Mizzima - News in Burmese
Monday, July 30, 2018
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ရဲ့ သီရိမင်္ဂလာ နာဝါ အမြန်ယာဉ်ဖြင့် ဘီလင်းနယ်တကြောသို့ ကူညီရေး ကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပါသည်။
ဖောင်ဒေးရှင်း ဗဟိုမှ အမြန်ယာဉ်များ သယ်ယူသွားကြပြီး ယနေ့မနက်ပိုင်းမှစ၍
ရေပြင်တွင် အမြန်ယဉ်ဖြင့် ကူညီပေးလျက်ရှိကြောင်း အသိပေးအပ်ပါသည်။
ဖောင်ဒေးရှင်း ကိုယ်စား ဗဟိုဦးဆောင်များအဖွဲ့လည်း
ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များသို့ ကူညီစေ
ာင့်ရှေါက် ထောက်ပံ့နိုင် သွားနေကြပြီဖြစ်ကြောင်းလည်း၊ အသိပေးအပ်ပါသည်။
ရေဘေးကူညီရေးလုပ်ငန်း နှိုးဆော်ခြင်း အသိပေးခြင်များ ရေးပြီးပို့စ်တင်တာကိုတောင်
အကောင့်ဖျက်ဆီးနေတာတွေလည်း ရှိနေပါသည်။
မရရင်ရနိုင်တဲ့အကောင့်ကနေ ရသလောက်တင်ပြပေးသွားပါမည်။
မည်မျှပင်နှောက်ယှက်ပါစေ ကူညီစောင့်ရှောက်မှုလုပ်ငန်းများကတော့ လျှော့့သွားမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
မူရင်း...
ဒေါက်တာသောပါက
30.7.2018
Subscribe to:
Posts (Atom)
Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ
Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...