Saturday, June 30, 2018

ယနေ့ဖြစ်ပေါ်နေတဲ့ ရခိုင်အရေးနဲ့ ပါတ်သက်လို့ နိုင်ငံတကာရဲ့ဖိအားအပေါ်မှာ လေ့လာသုံးသပ်ချက်

0 comments
" ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေပိုဆိုးလာတာဟာ   NLD အစိုးရရဲ့ ရှု့မြင်ပုံ ၊ သဘောထား ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်းတွေကြောင့် ဒီကနေ့ အခြေအနေထိဆိုးဆိုးရွားရွားဖြစ်လာတယ်လို့ ကျွန်တော်မြင်ပါတယ် ။

နိုင်ငံတော်ရဲ့အမျိုးသားအကျိုးစီးပွား အချုပ်အခြာအာဏာပိုင်နက် နယ်မြေတည်တံ့ရေးနဲ့ပတ်သက်ပြီး တနည်းနည်းနဲ့ထိပါးလာရင်တော့ တာဝန်ယူမှုတာဝန်ခံမှုအရ လက်ရှိအစိုးရ နဲ့လွှတ်တော်တွင်သာ တာဝန်ရှိတယ် "

ပြည်ခိုင်ဖြိုးပါတီ
ဗဟိုအတွင်းရေးမှူး
ဦးပိုက်ထွေး

ကာလုံနဲ့ ပတ်သက်ပြီး အားလုံးဝါဒမှိုင်းမိနေတာဖြစ်တယ်လို့် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ပြော ရန်ကုန်၊ဇွန်၂၉

0 comments
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံတော်အတွင်းလတ်တလောဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ ၎င်းပါတီဌာနချုပ်ခွဲရန်ကုန်တွင် ယနေ့ ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏မေးမြန်မှုအား ပြန်လည်ဖြေကြားစဉ် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာအစည်းအဝေးခေါ်ဆိုပါက မဲခွဲရင် စစ်တပ်ကပဲအနိုင်ရမည်ဆိုသည်ဟု ပြောဆိုနေသူအားလုံး ၀ါဒမှိုင်းမိနေတာဖြစ်ကြောင်း  ထဲ့သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အားလုံးက ၀ါဒမှိုင်းမိနေတာဖြစ်နေတယ်။ကာလုံဆိုတာကမဲခွဲတဲ့နေရာမဟုတ်ဘူး၊ ကာလုံကလွှတ်တော်မဟုတ်ဘူး ကာလုံကိုနိုင်ငံတော်သမ္မတဦးစီးပြီးတော့မှ ဒုတမ္မတနှစ်ဦး လွှတ်တော် ဥက္ကဋ္ဌကြီးနှစ်ဦး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနယ်စပ်ရေး ဒီဝန်ကြီးတွေ ပါပြီးတော့မှ နိုင်ငံတော်ရဲ့ အရေးအခင်းတွေကို ရေးရာကိစ္စတွေကို ထိုင်ပြီးတော့မှ ပြသနာတွေကို ဆွေးနွေးကြတာဖြစ်တယ်။ ပြောရရင် နိုင်ငံတော်သမ္မတနဲ့ ၀န်ကြီးတွေဟာ နိုင်ငံတော်ရဲ့အရေးကြီးကိစ္စတွေကိုဆောင်ရွက်တဲ့နေရာမှာ သမ္မတကြီးတစ်ယောက်ထဲကမှ သူရဲ့အမိန့်အာဏာနဲ့လုပ်ရင် တစ်ချိန်မှာ တိုင်းပြည်မှာတာဝန်ရှိရင် သမ္မတမှာတိုက်ရိုက် လာထိခိုက်လာနိုင်တယ်၊ ကာလုံမှာ နိုင်ငံတော်သမ္မတထိပ်ကထိုင်ပြီးတော့ နိုင်ငံတကာကိစ္စတွေဒီလိုဖြစ်ပြီ၊ ရခိုင်ကိစ္စကဒီလိုဖြစ်ပြီ ဒီအမြင်တွေပေါ်မှာ  နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေး၊သူတို့ရဲ့အမြင်တွေဆွေးနွေးကြတယ်၊ လွှတ်တော်ဘက်က ပြည်သူ့ကိုယ်စားလှယ်တွေကိုယ်စားပြုတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှစ်ဦးကလည်းဆွေးနွေးတယ်။ဒုသမ္မတ အားလုံးအားလုံးဆွေးနွေးပြီးတော့မှအားလုံးစုစည်းပြီးတော့နိုင်ငံတော်သမ္မတအနေနဲ့ အားလုံးက ကမဲပါတယ်လို့ပြောရင် နိုင်ငံတော်သမ္မတက ငါဖြူပါတယ်ဆိုလည်းရတယ်။အားလုံကဖြူနေရင်လည်းနိုင်ငံတော်သမ္မတက မဲလိုက်ပါကွာဆိုလည်းရတယ်” ဟု ၎င်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က ကာလုံဟုခေါ်ဆိုနေကြသည့် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာအစည်းအဝေး ခေါ်ဆိုရခြင်းနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည်။
ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာအစည်းအဝေးအားသမ္မတကြီးဦးသိန်းစိန်လက်ထကတွင် လစဉ်အပတ်စဉ် ပြုလုပ်ခဲ့ပြီး နိုင်ငံရဲ့ အရေးကိစ္စအ၀၀ကိုဒီလိုမျိုး တိုင်ပင်စဉ်းစားဆောင်ရွက်ခဲ့ကြောင်း၊ ။ နောင်တစ်ချိန် သမိုင်းမှာတစ်နေ့ပြန်လာအုံးမှာဖြစ်ကြောင်း၊ မိမိတို့ရင်ထဲတွင် သီပေါမင်းပါတော်မူတဲ့ကိစ္စရင်ထဲမှာခုချိန်ထိရှိနေသေးကြောင်း၊ နောင်တစ်ချိန်သမိုင်းတွင် ကျန်ခဲ့တဲ့အချိန်သမ္မတကြီးမှာတာဝန်ရှိလာလျှင်ကာလုံနှင့်ပြုလုပ်ခဲ့တာဖြစ်သည့်အတွက် စုပေါင်းတာဝန်ယူမှု၊ စုပေါင်းတာဝန်ခံမှု စုပေါင်းဦးဆောင်မှုနှင့်တိုင်ပြည်ကို သွားခဲ့သည့်ဆိုသည်မှာပေါ်လွင်လာလိမ့်မည် ဖြစ်ကြောင်း။ တစ်ယောက်ထဲဆုံးဖြတ်ခဲ့ရင် သမိုင်တရားခံလာဖြစ်မှာဖြစ်ကြောင်း။ ပြည်သူလူထုနှင့် ယခုလက်ရှိတာဝန်ယူခဲ့တဲ့ပုဂ္ဂိုလ်တွေကြားတွင်မည်သူကမြှောက်ပေနေလည်းဘယ်သူက၀ါဒဖြန့်နေလည်းမသိရှိရဘဲ ကာလုံမှာမဲခွဲရင်စစ်တပ်ကများနေတော့ ရှုံးမှာပေါ့ ဆိုသည့်စကားနှင့် မှိုင်းတိုက်ထားသည်ကို ခံနေရကြောင်း။ကာလုံတွင် ဆွေးနွေးသည့်ကိစ္စအားလုံး နိုင်ငံတော်သမ္မတဖြစ်ချင်တာဖြစနိုင်ကြောင်း၊ သမ္မတတာဝန်ခံရတာဖြစ်ကြောင်း၊ ကာလုံကိုသမ္မတတာဝန်ခံရတာ ဒါကိုနားလည်ဖို့လိုကြောင်း၊ ဘေးကနေ နိုင်ငံရေး အတွေ့အကြုံမရှိ အစိုးရအဖွဲ့အတွေ့အကြုံမရှိ ပေါက်ကရလျှောက်ပြောနေတာတွေကို နားယောင်ပြီး  အစိုးရမှ လျှောက်လုပ်နေရင် တိုင်းပြည်ဒုက္ခရောက်မှာ ဖြစ်ကြောင်းဖြစ် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ရှိ/ မရှိ နှင့်ပတ်သက်ပြီး ၎င်းပါတီအနေနဲ့ မကြာခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးပြုလုပ်မည်ဖြစ်ပြီးယင်းအစည်းအဝေးတွင်  ဆုံးဖြတ်သွားမည်ဖြစ်ကာပြန်လည်ထုတ်ပြန်သွားဖြစ်ကြောင်းပြောကြားခဲ့သည်

Friday, June 29, 2018

ပြည်သူ့ဆက်ဆံရေး နည်းပြသင်တန်း အောင်မြင်စွာ ဖွင့်လှစ်ပြီးစီး မုံရွာ။ ဇွန်၊ ၃၀

0 comments





  စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂၀.၆.၂၀၁၈ မှ ၃၀.၆.၂၀၁၈ ထိ ဖွင့်လှစ်သင်ကြားသော ပြည်သူ့ဆက်ဆံရေးနည်းပြသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၉း ၀၀) နာရီ တွင် စတင်ဖွင့်လှစ်ပီး တိုင်းပါတီ ဥက္ကဌ  ဒေါက်တာမြင့်သိန်း အတွင်းရေးမှူး ဦးအောင်ဇော်ဦး သင်တန်းနည်းပြဆရာ ဦးညဏ်လင်းထက် နှင့် သင်တန်းတာဝန်ခံများ တိုင်းပါတီ ကော်မတီဝင်များ တက်ရောက်ကြပြီး အခမ်းအနားကို ဇာတိမာန်သီချင်း ဖွင့်လှစ်သီဆို၍ အောင်မြင်စွာ ပိတ်ခဲ့ပါသည်။
Arkar Kyaw

Thursday, June 28, 2018


0 comments
နေပြည်တော်၊ ဇွန် - ၂၇





(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွား ရောက် ရာမှပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဇွန် - ၂၇

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ ထိုင်း နိုင်ငံသို့ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်း တွင်ပတ္တရားမြို့ရှိ၊ U-tapao လေဆိပ် မှပြန်လည်ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းဘုရင့်တပ်မတော် ဒုတိယပူးတွဲစစ်ဦးစီးချုပ်  Gen. Chaichana Nakkerd နှင့်ထိုင်းဘုရင့် တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံအမတ် ဦးချမ်းအေး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ပြန်လည်ရောက်ရှိကြရာ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊  ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ် ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာ ရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် မြင့်မော်နှင့် တာဝန်ရှိသူများက လေဆိပ် တွင်ကြိုဆို နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ်လိုက်ပါသွားသည့်ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများပြန်လည် လိုက်ပါလာခဲ့ကြောင်းသတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


မြန်မာငွေဈေး ထိုးကျလာခြင်း

0 comments

. အမေရိကန်ဒေါ်လာဈေး ၁၀ရက်အတွင်း
           တစ်ဒေါ်လာကျပ်၃ဝမြင့်တက်ပြီး ၂၀၁၇ နောက်ပိုင်း
            အမြင့်ဆုံးသို့ တက်လာပြီ.....
           အချိန်တိုအတွင်း မြန်မာငွေ ထိုးကျသွားသည်။
             
           (1400) ကိုဖေါက်ထွက်သွားပြီ
             မြန်မာ့စီးပွားရေးကို အထောက်အပံ့ပေးမလား
             ထိခိုက်စေမလားဆိုတာတော့
             လက်တွေ့စီးပွားရေးလုပ်ကိုင်နေသူတွေပဲသိလိမ့်မယ်၊
             သေခြာတာကတော့....
             ကုန်ဈေးနှုန်းတက်လို့ အခြေခံလူတန်းစားတွေ
             အတော်ထိခိုက် ခံစားရမယ်၊

             ကမ္ဘာမှာလဲ ရှယ်ရာဈေးတွေ
             အတော်ကမောက်မဖြစ်ပြီး
             ဆိုးဆိုးဝါးဝါးကျဆင်းသွားတယ်၊

             အခြေခံစီးပွားရေးမခိုင်မာတဲ့
             နိုင်ငံတွေ ပိုအထိနာကြတယ်၊

ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီရုံး၌ ပါတီအလံသစ်လွှင့်ထူ

0 comments
ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီရုံး၌ ပါတီအလံသစ်လွှင့်ထူ
================================================

၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ( ၈း ၃၀ ) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီအလံသစ်အား စတင်လွှင့်ခဲ့ပါကြသည်။
အဆိုပါအလံသစ်လွှင့်တင်ပွဲသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း၊ ဘဏ္ဍာရေးမှူး ဦးမောင်ကျော်ဇံ၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးကျော်စိန်အောင်၊ ဦးစောမောင်သိန်း ၊ ဦးအောင်စံမြ ၊ ဦးထွန်းစံမောင် တို့နှင့်အတူ ပါတီရုံးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါသည်။
The Union Daily

တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​အား ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး သွား​ရောက်​ဖူး​မျှော်​ကန်​​တော့၍ အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ အလှူ​ငွေ​ပေးအပ်​လှူဒါန်း

0 comments
ဇွန်​(၂၈)၊မန္တ​လေး

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့နံနက်​ ၁၀ နာရီခွဲ​က မဟာဝိသုဒ္ဓါရုံတိုက်သစ်မဟာနာယက၊ ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မတ္တရာသူဌေးကျောင်းဆရာတော်ဘုရားကြီး၊ ဘဒ္ဒန္တမာနိတသီရိဘိဝံသ (သက်တော် ၈၄ နှစ်၊ ဝါ​​တော် ၆၄ ဝါ)၏ ရုပ်​ကလာပ်​​တော်​ အပူ​ဇော်​ခံထားရှိရာ မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ ၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊​ အောင်​​မြေသာစည်​အလယ်​​ကျောင်းကြီးသို့​ ရောက်​ရှိလာပြီး ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​တော်​အား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ အလှူ​ငွေ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးပါတီနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏမောင်​လွင်​၊ ပါတီဗဟိုလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ ဗဟို​ကော်​မတီဝင်​များ၊ တိုင်းဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်​ ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဋ္ဌများနှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ လိုက်​ပါ၍ ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​​တော်​အား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ ပြည်​ခိုင်​ဖြိုးပါတီမှ ​အလှူ​ငွေသိန်း (၃၀) ကျပ်​အား အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ ပေးအပ်​လှူဒါန်းခဲ့ပြီး​နောက်​ ဧည့််​သည်​​တော်​မှတ်​တမ်းတွင်​ လက်​မှတ်​​ရေးထိုးခဲ့သည်​။



Wednesday, June 27, 2018

ပြည်ချစ်သားတို့

0 comments

ဝါစိမ်းနီလွှင့် ကြယ်တပွင့်အောက်က
သာကီနွယ်ဖွား  ပြည်ထောင်သားတို့
ဒို့ရေဒို့မြေဒို့ပိုင်နက်ကို
ယိုင်ရွဲ့မသွားခင် 
ကျားကန်နှင်လော့
မုတ်ဆိတ်တိုင်းတပါး
ချိုးနှိမ်ထားလော့
ခေါင်းဆောင်မျိုးမစစ်
တိုက်ထုတ်ပစ်လော့
စည်းလုံးချစ်ကြည်
ရှေ့သို့ချီလော့

အလံတင်အခမ်းအနားကျင်းပ

0 comments
စစ်ကိုင်းတိုင်းဒေသကြီး
 ပြည်ခိုင်ဖြိုးပါတီ အလံတင်အခမ်းအနားပြုလုပ်
ဇွန်၊ ၂၇ ။
 စစ်ကိုင်းတိုင်းဒေသကြီး
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
တိုင်းပြည်ခိုင်ဖြိုးပါတီရုံး၌
ယနေ့နံနက် (၉း ၀၀)နာရီ အချိန်တွင် ပြည်သူ့ဆက်ဆံရေး နည်းပြ သင်တန်းမှ သင်တန်းသူ/သားများ၊ တိုင်းပါတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက် လွှင့်ထူခဲ့

Arkar kyaw



Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...

Credits