Saturday, June 30, 2018

ကာလုံနဲ့ ပတ်သက်ပြီး အားလုံးဝါဒမှိုင်းမိနေတာဖြစ်တယ်လို့် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ပြော ရန်ကုန်၊ဇွန်၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံတော်အတွင်းလတ်တလောဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ ၎င်းပါတီဌာနချုပ်ခွဲရန်ကုန်တွင် ယနေ့ ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏မေးမြန်မှုအား ပြန်လည်ဖြေကြားစဉ် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာအစည်းအဝေးခေါ်ဆိုပါက မဲခွဲရင် စစ်တပ်ကပဲအနိုင်ရမည်ဆိုသည်ဟု ပြောဆိုနေသူအားလုံး ၀ါဒမှိုင်းမိနေတာဖြစ်ကြောင်း  ထဲ့သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အားလုံးက ၀ါဒမှိုင်းမိနေတာဖြစ်နေတယ်။ကာလုံဆိုတာကမဲခွဲတဲ့နေရာမဟုတ်ဘူး၊ ကာလုံကလွှတ်တော်မဟုတ်ဘူး ကာလုံကိုနိုင်ငံတော်သမ္မတဦးစီးပြီးတော့မှ ဒုတမ္မတနှစ်ဦး လွှတ်တော် ဥက္ကဋ္ဌကြီးနှစ်ဦး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနယ်စပ်ရေး ဒီဝန်ကြီးတွေ ပါပြီးတော့မှ နိုင်ငံတော်ရဲ့ အရေးအခင်းတွေကို ရေးရာကိစ္စတွေကို ထိုင်ပြီးတော့မှ ပြသနာတွေကို ဆွေးနွေးကြတာဖြစ်တယ်။ ပြောရရင် နိုင်ငံတော်သမ္မတနဲ့ ၀န်ကြီးတွေဟာ နိုင်ငံတော်ရဲ့အရေးကြီးကိစ္စတွေကိုဆောင်ရွက်တဲ့နေရာမှာ သမ္မတကြီးတစ်ယောက်ထဲကမှ သူရဲ့အမိန့်အာဏာနဲ့လုပ်ရင် တစ်ချိန်မှာ တိုင်းပြည်မှာတာဝန်ရှိရင် သမ္မတမှာတိုက်ရိုက် လာထိခိုက်လာနိုင်တယ်၊ ကာလုံမှာ နိုင်ငံတော်သမ္မတထိပ်ကထိုင်ပြီးတော့ နိုင်ငံတကာကိစ္စတွေဒီလိုဖြစ်ပြီ၊ ရခိုင်ကိစ္စကဒီလိုဖြစ်ပြီ ဒီအမြင်တွေပေါ်မှာ  နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေး၊သူတို့ရဲ့အမြင်တွေဆွေးနွေးကြတယ်၊ လွှတ်တော်ဘက်က ပြည်သူ့ကိုယ်စားလှယ်တွေကိုယ်စားပြုတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှစ်ဦးကလည်းဆွေးနွေးတယ်။ဒုသမ္မတ အားလုံးအားလုံးဆွေးနွေးပြီးတော့မှအားလုံးစုစည်းပြီးတော့နိုင်ငံတော်သမ္မတအနေနဲ့ အားလုံးက ကမဲပါတယ်လို့ပြောရင် နိုင်ငံတော်သမ္မတက ငါဖြူပါတယ်ဆိုလည်းရတယ်။အားလုံကဖြူနေရင်လည်းနိုင်ငံတော်သမ္မတက မဲလိုက်ပါကွာဆိုလည်းရတယ်” ဟု ၎င်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က ကာလုံဟုခေါ်ဆိုနေကြသည့် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာအစည်းအဝေး ခေါ်ဆိုရခြင်းနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည်။
ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာအစည်းအဝေးအားသမ္မတကြီးဦးသိန်းစိန်လက်ထကတွင် လစဉ်အပတ်စဉ် ပြုလုပ်ခဲ့ပြီး နိုင်ငံရဲ့ အရေးကိစ္စအ၀၀ကိုဒီလိုမျိုး တိုင်ပင်စဉ်းစားဆောင်ရွက်ခဲ့ကြောင်း၊ ။ နောင်တစ်ချိန် သမိုင်းမှာတစ်နေ့ပြန်လာအုံးမှာဖြစ်ကြောင်း၊ မိမိတို့ရင်ထဲတွင် သီပေါမင်းပါတော်မူတဲ့ကိစ္စရင်ထဲမှာခုချိန်ထိရှိနေသေးကြောင်း၊ နောင်တစ်ချိန်သမိုင်းတွင် ကျန်ခဲ့တဲ့အချိန်သမ္မတကြီးမှာတာဝန်ရှိလာလျှင်ကာလုံနှင့်ပြုလုပ်ခဲ့တာဖြစ်သည့်အတွက် စုပေါင်းတာဝန်ယူမှု၊ စုပေါင်းတာဝန်ခံမှု စုပေါင်းဦးဆောင်မှုနှင့်တိုင်ပြည်ကို သွားခဲ့သည့်ဆိုသည်မှာပေါ်လွင်လာလိမ့်မည် ဖြစ်ကြောင်း။ တစ်ယောက်ထဲဆုံးဖြတ်ခဲ့ရင် သမိုင်တရားခံလာဖြစ်မှာဖြစ်ကြောင်း။ ပြည်သူလူထုနှင့် ယခုလက်ရှိတာဝန်ယူခဲ့တဲ့ပုဂ္ဂိုလ်တွေကြားတွင်မည်သူကမြှောက်ပေနေလည်းဘယ်သူက၀ါဒဖြန့်နေလည်းမသိရှိရဘဲ ကာလုံမှာမဲခွဲရင်စစ်တပ်ကများနေတော့ ရှုံးမှာပေါ့ ဆိုသည့်စကားနှင့် မှိုင်းတိုက်ထားသည်ကို ခံနေရကြောင်း။ကာလုံတွင် ဆွေးနွေးသည့်ကိစ္စအားလုံး နိုင်ငံတော်သမ္မတဖြစ်ချင်တာဖြစနိုင်ကြောင်း၊ သမ္မတတာဝန်ခံရတာဖြစ်ကြောင်း၊ ကာလုံကိုသမ္မတတာဝန်ခံရတာ ဒါကိုနားလည်ဖို့လိုကြောင်း၊ ဘေးကနေ နိုင်ငံရေး အတွေ့အကြုံမရှိ အစိုးရအဖွဲ့အတွေ့အကြုံမရှိ ပေါက်ကရလျှောက်ပြောနေတာတွေကို နားယောင်ပြီး  အစိုးရမှ လျှောက်လုပ်နေရင် တိုင်းပြည်ဒုက္ခရောက်မှာ ဖြစ်ကြောင်းဖြစ် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ရှိ/ မရှိ နှင့်ပတ်သက်ပြီး ၎င်းပါတီအနေနဲ့ မကြာခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးပြုလုပ်မည်ဖြစ်ပြီးယင်းအစည်းအဝေးတွင်  ဆုံးဖြတ်သွားမည်ဖြစ်ကာပြန်လည်ထုတ်ပြန်သွားဖြစ်ကြောင်းပြောကြားခဲ့သည်

Post a Comment

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...

Credits