Sunday, July 1, 2018

ရွှေ့ပြောင်းဒုက္ခသည်များအရေးနှင့်ပတ်သက်သော ဂျာမနီ၏ကမ်းလှမ်းချက်ကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၄ နိုင်ငံပယ်ချ ========================================== ဘရပ်ဆဲလ် ဇူလိုင် ၁

ရွှေ့ပြောင်းဒုက္ခသည်များအရေးနှင့်ပတ် သက်၍ ဂျာမနီဘက်မှ ကမ်းလှမ်းမှုပြုလုပ်ခဲ့ သည်ကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၄ နိုင်ငံက ပယ်ချခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော် ပြသည်။
ဂျာမနီအဓိပတိမာကယ်က ရွှေ့ပြောင်း ဒုက္ခသည်များအား ဝင်ရောက်လာသည့်နိုင်ငံ များသို့ ပြန်လည်ပို့ဆောင်မည့်အစီအစဉ်ကို ဖော်ဆောင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံအတွင်းသို့ ရောက်ရှိနေသော ရွှေ့ ပြောင်းဒုက္ခသည်များကို နိုင်ငံအတွင်း၌ နေ ထိုင်ခွင့်ပြုထားခြင်းကို ရုပ်သိမ်းရန်တွန်းအား ပေးမှုများမြင့်တက်လာခြင်းကြောင့် မာကယ် သည် နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းဒုက္ခသည် များကို ဝင်ရောက်လာသည့်နိုင်ငံများထံသို့ ပြန်လည်ပို့ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ် သည်။ ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနသည် ရွှေ့ပြောင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ သဘောတူညီမှုမရခဲ့ပါက နိုင်ငံအတွင်း၌ နေ ထိုင်ခွင့်ပေးထားသော ရွှေ့ပြောင်းဒုက္ခသည် များကို နှင်ထုတ်ရန်ပြင်ဆင်လျက်ရှိသည်။ ဟန်ဂေရီ၊ ပိုလန်နှင့် ချက်အပါအဝင် ဂျာမနီ ၏ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့သည့်နိုင်ငံများက ပြည်တွင်း၌ နိုင်ငံရေးနှင့်ဆိုင်သောမတည်ငြိမ် မှုများဖြစ်လာနိုင်ခြင်းကြောင့် ရွှေ့ပြောင်းဒုက္ခ သည်များအား မူလဝင်ရောက်လာသည့်နိုင်ငံ များသို့ ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။
NG(Ref;Reuters)

Post a Comment

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...

Credits