Wednesday, July 4, 2018

မြန်မာနိုင်ငံတော် ဘယ်တော့မျှ ဒုတိယအကြိမ် ကျွန်​မဖြစ်စေရဟု ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ နိုင်​ငံခြား​ရေးဝန်​ကြီး(ငြိမ်း) ဦးဝဏ္ဏ​မောင်​လွင်​​ပြော

Liberalism ရဲ့ ဘိုးအေလို့ခေါ်နိုင်သူ pioneer တွေက ကိုယ့်အမျိုးသားရေးသာဦးစားပေးလို့ တိတိလင်းလင်းကြေညာ တည်ဆောက်လာတဲ့
အများနဲ့အကျိုးတူ သမဂ္ဂ...ဘုံ သဘောထားနဲ့ တူညီဆန္ဒနဲ့ မသွားလိုတော့တဲ့ ...
     ဒီမိုကရေစီ ဘိုးအေကြီးတွေ
ပြောင်းလဲသွားတဲ့ ဒီနေ့ဒီအချိန်မှာ ...
       ကိုယ့်မြေကိုယ့်ရေရဲ့ပကတိ
အခြေအနေနဲ့သင့်လျော်ခြင်း ရှိ/မရှိ
မသုံးသပ်နိုင်ဘဲ... စိတ်ကူးယဉ် model နဲ့ အာဏာကိုင်စွဲမြေစမ်းခရမ်းပျိုးနေလို့ကတော့
ရွှေပြည်တော်မျှော်တိုင်းဝေးနေမှာပါ...
    ဒါ့ထက်ပိုအရေးကြီးတာက ပြည်သူတွေရဲ့နေ့တဓူဝ ဆင်းရဲဒုက္ခ...အဖြေမရနိုင်သေးတဲ့
လက်နက်ကိုင်ပဋိပက္ခတွေ  ချုပ်ငြိမ်းဘို့
လက်တွေ့ကျကျ မဖြေရှင်းနိုင်လို့
တနေ့တခြားဆိုးရွားလာတဲ့ ...
တရားဥပဒေစိုးမိုးရေး... တည်ငြိမ်ရေးတွေ ...
     တနေ့တခြားလျော့ပါးလာတဲ့ ရိုးရာ
ယဉ်ကျေးမှုအစဉ်အလာတွေ...အများစုကြီး၏ သမိုင်းစဉ်ဆက်ယုံကြည်ကိုးကွယ်ရာဘာသာ သာသနာညှိုးမှိန်စေသော အတွေးအမြင်များ
သွပ်သွင်းလာတာတွေ...ကြောင့်
      တို့ အမိနိုင်ငံတော်ကြီး အဓွန့်ရှည်ရေး ကို ...တို့မှမကာကွယ်ရင် မြန်မာ့သမိုင်းရိုင်း
တော့မည် ...
       စိတ်ကူးယဉ် အိပ်မက်ထဲမှာ
ယစ်မူး​နေတုံး ...
    တို့မြေ တို့ရေ ...တို့မြန်မာတွေကိုဝါးမြို
မခံရရေး တို့မြန်မာတို့ နိုးကြားကြပါလော့...
     ထာဝရစစ်သားများကတော့ ...ထာဝရ
အသင့်ပါ...
      မြန်မာနိုင်ငံတော် ...ဘယ်တော့မျှ
ဒုတိယအကြိမ် ကျွန် မဖြစ်စေရ ...

Post a Comment

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...

Credits