Monday, July 23, 2018
မြဝတီ ရေကြီးမှု ကြောင့်ရေဘေးသင့် ပြည်သူ၂၀၀၀ကျော်ရှိ။
မြဝတီ ။ ဇူလိုင် ၂၃။
ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ် ရေကြီးရေလျှံနေသည့်အတွက် ၊ မြဝတီမြို့က ဒေသခံလူဦးရေ (၂၀၀၀)ကျော် ၊ရေဘေးဒုက္ခကြုံနေကြရကာ၊ကယ်ဆယ်ရေးစခန်း ၉ ခုဖွင့်ထားရပြီး ၊်စာသင်ကျောင်းတစ်ချို့
ပိတ်ထားရကြောင်းသိရသည်။
မြဝတီမြို့နယ်ပြည်နယ်လွှတ်တော်အမှတ်(၂)ကိုယ်စားလှယ်ဦးသန့်ဇင်အောင်က
"လတ်တစ်လောအခြေအနေကတော့မြို့ရဲ့
စိုးရိမ်ရေမှတ်အောက်ကိုဒီနေ့ရောက်သွားပြီဗျ၊ ၊
ဒါပေမယ့်မိုးဆက်ရွာသွားရင်တော့ရေကပြန်တက်ဦးမယ်၊
သောင်းရင်းမြစ်ရေကလည်းစိုးရိမ်မှတ်ကျော်နေတော့သတိထားရတာပေါ့ " လို့
MUNAကိုပြောသည်။
ရေဘေးသင့်ပြည်သူများ၏လိုအပ်ချက်များကိုတော့ မြို့နယ်တွင်းဌာနဆိုင်ရာတာဝန်ရှိသူများ ၊
လွှတ်တော်ကိုယ်စားလှယ်
များ ခရိုင်၊မြို့နယ်အုပ်ချု ပ်ရေးမှူးနှင့်
ဌာနဆိုင်ရာများ၊ခရိုင်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ
တပ်မတော်သားများ ၊ပရဟိတအသင်းအဖွဲ့များနှင့်
ရပ်/ကျေးအုပ်ချု ပ်ရေးမှူးများ စသည့်ပူးပေါင်းအဖွဲ့များမှကူညီဆောင်ရွှက်ပေးလျက်ရှိကြောင်းဦးသန့်ဇင်အောင်ပြောပြချက်အရသိရသည်။
မြဝတီမြို့ပေါ်ရပ်ကွက်များဖြစ်သည့်ရပ်ကွက်၂၊ရပ်ကွက်၎၊ရပ်ကွက် ၅နှင့်မဲ့ပလဲ့ကျေးရွာအပါဝင်ကျေးရွာ(၅)ရွာတို့မှမြေနိမ့်ပိုင်းများတွင်ရေနှစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး
မိုးသည်းထန်အဆက်မပြတ်ရွာသွန်းမှု့ကြောင့်ရေကြီးနှစ်မြုပ်မှုများ
ကရင်ပြည်နယ်၊တနင်္သာရီတိုင်း၊ဧရာဝတီတိုင်း၊တို့မှမြို့နယ်တချို့မှာရေဘေးသင့်ပြည်သူများကြုံတွေ့နေရပြီး
သက်ဆိုင်ရာဒေသဆောင်ရွှက်ချက်များ
ကူညီဆောင်ရွှက်လျက်ရှိကြောင်း
သိရသည်။
ကရင်ပြည်နယ်လမ်းဦးစီးဌာနမှလည်း
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျိုင်းမြစ် ရေတက်လာပါသဖြင့် ဂျိုင်း(ကော့ကရိတ်)ကြိုးတံတား ဘေးရှိ Pontoon တံတား အတက်အဆင်းမှာ မြင့်တက်လာပါကာ အချို့လူစီးယာဉ်များ အတက်အဆင်း ခက်ခဲနေကြောင်း
သို့ဖြစ်ပါ၍ လူစီးယာဉ်(Expresses)များ အနေဖြင့် (ယာဉ်+ကုန်) ၁၃ တန်ချိန်ပြီး တင်ဆောင်လာပါက ကြိုးတံတားပေါ်မှ ခရီးသည်များလမ်းဆင်းလျှောက်သော
စနစ်ဖြင့် ယာဉ်များအား ဖြတ်သန်းခွင့် ပြုထားကြောင်း
တာဝန်ရှိသူများမှ ကြိုးတံတားပေါ် ဖြတ်သန်းမည့်ယာဉ်များအား ကတ္တားပေါ်တက်စေပြီး တိုင်းတာစစ်ဆေးပေးလျှက် ရှိပါကြောင်း သိရှိနိုင်ရန် နှိုးဆော်ထားသည်။
BY-မြတ်ဟိန်းကျော်(ကော့မှူး)
MUNA
https://m.facebook.com/story.php?story_fbid=2248255385216679&id=1024691730906390
Related Posts:
Subscribe to:
Post Comments (Atom)
Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ
Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...
Post a Comment