လာမည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပြည်ခိုင်ဖြိုး ပါတီ အပေါ် တိုက်ခိုက်မှုများနှင့် ကျနော်အပေါ်သို့ တိုက်ခိုက်မှုများ ပြင်းထန်လာမည်ကို မျှော်လင့်တွက်ဆ ထားပြီး ဖြစ်ပါသည်။
- သို့သော် ယခုကဲ့သို အလွန်တရာ အောက်တန်းကျလှသည့် တိုက်ခိုက်မှုများကို မျှော်လင့်ထားခြင်းမရှိပါ။
- ယခင်ကာလများက ပြည်ခိုင်ဖြိုးပါတီနှင့်တကွ ကျနော့်အပေါ်သို့ တိုက်ခိုက်မှုမျိုးစုံ ကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကိုဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပါသဖြင့် လက်တစ်ဆုပ်စာလူတစ်စု၏တိုက်ခိုက်မှုများကို ပြန်လည်တုန့်ပြန်ခဲ့ခြင်းမရှိပါ။
- ယခုတွင်မူ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်သွားမည့် ကြားဖြတ်ရွေးကောက်ပွဲအား အကြောင်းပြု၍ နိုင်ငံရေးအရ မဲဆန္ဒရှင်ပြည်သူများ၏ ပကတိဆန္ဒများအား ယုံမှားသံသယဖြစ်စေလိုသော အလို့ငှာ ဖော်ပြပါပုံများကဲ့သို့ မဟုတ်မမှန်လုပ်ကြံသတင်းများ ဖန်တီး၍ ဆိုးရွားပြင်းထန်စွာ အချိန်ကိုက် တိုက်ခိုက်လာသည်ကို တွေ့ရပါသည်။
- သို့ဖြစ်ရာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများတွင် ပြည်သူလူထု သံသယကင်းစွာ မဲပေးနိုင်ရေး အတွက်သော်လည်းကောင်း၊ အနာဂတ်ပြည်ထောင်စုသားကောင်းများသည် သန့်ရှင်း စင်ကြယ်သည့် နိုင်ငံရေးကိုသာ လက်ခံယုံကြည်ရေးအတွက်သော်လည်းကောင်း၊ ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံသည့် ကိစ္စများနှင့်ပတ်သက်၍ နစ်နာမှုများအား တည်ဆဲဥပဒေများအရ အရေးယူနိုင်ရန် အမှုဖွင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မဲဆန္ဒရှင် ပြည်သူများနှင့်တကွ ပြည်ခိုင်ဖြိုးပါတီအား ထောက်ခံအားပေးသူများအား လေးစားစွာဖြင့် အသိပေး ရှင်းလင်းတင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
နန္ဒာလှမြင့်
ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ
Credit
Subscribe to:
Post Comments (Atom)
Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ
Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...
Post a Comment