Wednesday, July 11, 2018

ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်

နေပြည်တော် ဇူလိုင် ၁၁
==============
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံတတိယ
အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ
အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် စတင်ကျင်းပ
ခဲ့ပြီး ယင်းအခမ်းအနားသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး
ပါတီဥက္ကဋ္ဌနှင့် ပါတီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး
ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်း
နွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမြင့်စိုး|ဦးလှ
သိန်း၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမောင်သင်း(ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ်)နှင့်ဒေါ်နန်းနီနီအေး(အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်)တို့ တက်ရောက်ခဲ့ကြသည်။                    

အဆိုပါအခမ်းအနားသို့  ဖိတ်ကြားခံရသည့် ပြည်ခိုင်ဖြိုးပါတီ
ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင်
ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးတို့လည်း
တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ပင်လုံသစ္စာတေးသရုပ်ဖော်ဖြင့် ကပြဖြေဖျော်
ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြော
ကြားခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကား
ပြောကြားခြင်းNCA  လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်
နက်ကိုင်များအဖွဲ့ကိုယ်စား ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ
က အမှာစကားပြောကြားခြင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားရခိုင်အမျိုးသားပါတီဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြား
ခြင်းနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆောင်
ရွက်မှုဆိုင်ရာ မှတ်တမ်းဗီဒီယိုပြသခြင်း၊ နိုင်ငံတော်အကြီးအကဲများနှင့် မှတ်တမ်းဓာတ်ပုံရိုက် ကူးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဖွင့်ပွဲနေ့အခမ်းအနားသို့အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့်
UPDJC  အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့အစည်း များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အထူး
ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။                    

သာလှ(ပျဉ်းမနား)


Post a Comment

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...

Credits