ကယားပြည်နယ် (ကရင်နီ ပြည်နယ်)တွင်ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုထားရှိမည့်အပေါ် ဒေသခံ ပြည်သူများကလက်မခံနိုင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ရာတွင် အကြမ်း ဖက်ဖြိုခွင်းခံရမှုနှင့်ပတ်သက်၍ ကရင်နီပြည် လူငယ်ထုများမှ သဘောထားတစ်ရပ်ကို ယမန်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ယမန်နေ့က ကယား(ကရင်နီ ပြည်နယ်) ဂန္ဓဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက် မည့်အပေါ် ကရင်နီပြည်ရှိ လူထု များက ကန့်ကွက်ဆန္ဒဖော်ထုတ် ခဲ့ကြောင်း၊ ကန့်ကွက်သူလူထု အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားရိုသေပါသော်လည်း ယနေ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအခြေ အနေအရ တည်ဆောက်ရန်မသင့် တော်သေးကြောင်းကို ပြည်နယ် အစိုးရထံသို့ ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ ခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဆက်သွယ်အကြောင်းပြန် ခဲ့ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည် ဟုပါရှိသည်။
ထို့ပြင် ထိုကဲ့သို့ ဆန္ဒဖော် ထုတ်ရာ၌ ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်ခြင်းဖြစ်ကာ လွှတ်တော်ရုံး အနားရှိ ဟစ်တိုင်သို့သွားရောက်၍ သဘောထားဆန္ဒများအား ထုတ် ဖော်ပြောဆိုရန် ရည်ရွယ်ခဲ့သော် လည်း ပြည်နယ်အထွေထွေအုပ် ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းများက ပိတ်ပင်တားဆီးခြင်းများ ပြုလုပ်ခဲ့ သည့်အတွက် ထိုးဖောက်ရှေ့ဆက် ခွင့်ရရန်ညှိနှိုင်းကြိုးပမ်းခဲ့သော် လည်း အာဏာပိုင်များက ခွင့်ပြု ပေးခြင်းမရှိသဖြင့် ထိုးဖောက်ရှေ့ ဆက်ခဲ့ရာ ပြည်နယ်ရဲတပ်ဖွဲ့မှ နံပါတ်တုတ်များဖြင့်ရိုက်နှက်ခြင်း၊ ကျင်စက်များကိုအသုံးပြုခြင်းများဖြင့် အကြမ်းဖက်ဖြိုခွင်းကြိုးပမ်းခဲ့ကြ ကြောင်း၊ ဤကဲ့သို့အကြမ်းဖက်ဖြို ခွင်းခြင်းသည် နိုင်ငံသားများ၏ အခွင့်အရေး၊ လူ့အခွင့်အရေးအပြင် ဒီမိုကရေစီအခွင့်အရေးများကို ချိုး ဖောက်နေခြင်းဖြစ်သည့်အပြင် ဒေသန္တရအမိန့်ညွှန်ကြားချက်နှင့် စည်းကမ်းချက်များသည် နိုင်ငံသား များ၏ဒီမိုကရေစီအခွင့်အရေးများ ကို ဖိနှိပ်ချုပ်ချယ်သောအရာများ ဖြစ်သကဲ့သို့ အာဏာရှင်ဆန်သော လုပ်ရပ်များဖြစ်သည့်အတွက် အဆို ပါအကြမ်းဖက် ဖြိုခွင်းမှုသည် ပြည်နယ်အစိုးရတွင်တာဝန်ရှိပြီး မိမိတို့လူငယ်ထုမှ ပြင်းထန်စွာရှုတ် ချသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဆောက်လုပ်ခြင်းကို ဆက်လက်ဆန့်ကျင် ကန့်ကွက် သွားမည်ဟု ထုတ်ပြန်ကြေညာ ကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ပါရှိသည်။
The Union Daily

Post a Comment