Sunday, July 15, 2018

နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေး ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်

ရန်ကုန် ဇူလိုင် ၁၅
===========
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ယနေ့နံနက် ၉ နာရီက နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံပွဲတစ်
ရပ်ကို ကျင်းပခဲ့သည်။

 အဆိုပါ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်
စဉ်များနှင့် စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု
ှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးပါဝင်သော
စုံစမ်းရေးကော်မတီဖွဲ့စည်းမည်ဟူသော သတင်းစကားများနှင့်ပတ်
သက်၍သော်လည်းကောင်း၊ပြည်ပထွက်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံ
တော်သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးက ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက်
တွင် သတင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ သော်လည်းကောင်းအကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် နိုင်ငံရေး ပါတီ ၂၃ပါတီမှ ပူးတွဲသဘောထားကြေညာချက်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

Post a Comment

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...

Credits