Monday, July 30, 2018

ရေဘေးသင့် ပြည်သူများအား ပိုမိုထိရောက်စွာ ကူညီနိုင်ရေး မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက်ရန် ပြည်ခိုင်ဖြိုးပါတီ ဥက္ကကြီးဦးသန်းဋ္ဌေး တိုက်တွန်း



နိုင်ငံတစ်ဝန်း ရေလွှမ်းမိုးနေသည့် ဒေသများမှ
မိဘပြည်သူများအား အင်တိုက်အားတိုက်
အကူအညီပေးရေးပါတီအနေဖြင့် မည်သည့်
အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားရန်
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက
ပါတီဝင်များအား တိုက်တွန်းလိုက်ပါသည်။

ယင်းသို့အကူအညီပေးရာတွင် ထိရောက်မှုရှိစေရေးအတွက်
ဒေသဆိုင်ရာအာဏာပိုင်များနှင့်သာမက အခြားပါတီ၊
အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလုပ်ဆောင်ရန်
တိုက်တွန်း ညွှန်ကြားစာကို တိုင်းဒေသကြီး၊ပြည်နယ်
ပါတီများမှတဆင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများအားလုံးထံသို့
ယနေ့(၃၀.၇.၂၀၁၈)ရက်စွဲဖြင့် ပါတီဥက္ကဋ္ဌကြီးကိုယ်စား
ပါတီအထွေထွေအတွင်းရေးမှုးဦးသက်နိုင်ဝင်းက
လက်မှတ်ရေးထိုး ပေးပို့လိုက်ပါသည်။

ပါတီဥက္ကဋ္ဌကြီးက သဘာဝဘေးအန္တရာယ်
ကျရောက်လာလျှင် ပြည်ခိုင်ဖြိုးပါတီတို့အနေဖြင့်
ချက်ချင်းသွားရောက်ကူညီကြရန်လွန်ခဲ့သောနှစ်များ
ကတည်းကပင် မှာကြားထားပြီးဖြစ်သည်။

လက်ရှိတွင် ရေလွှမ်းမိုးနေသည့် ဒေသများရှိ
ဒေသဆိုင်ရာ ပြည်ခိုင်ဖြိုးပါတီဝင်များက ပြည်သူလူထုကို
အကူအညီပေးနေပြီဖြစ်သော်လည်း ရေလွှမ်းမိုး ဧရိယာ ပိုမိုကျယ်ပြန့်
ဆိုးရွားလာသည့်အတွက် ပါတီအနေဖြင့် ပြည်သူလူထုအတွက်
မည်သူနှင့်မဆိုလက်တွဲကူညီကြရန် ပြည်ခိုင်ဖြိုးပါတီ
ဥက္ကဋ္ဌကြီးဦးသန်းဌေးက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ရေးသားတင်ပြသူ-
ဦးသိန်းထွန်းဦး
ပါတီပြောရေးဆိုခွင့်ရှိသူ
ပြည်ခိုင်ဖြိုးပါတီ။

Post a Comment

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ

Arkar Kyaw: ရွှေပြည်တော်သို့ဆုံမှတ်များ လှူခဲ့ပါပြီ : ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်တွင် ထူးကဲဒီရေ တက်လာမှုကြောင့်အိုးအိမ်မျာ...

Credits